spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်းက ယာယီပိတ်ထားတဲ့ စစ်ဘေးရှောင်ဆေးခန်းတစ်ခုကို ၄ လကြာအထိ ပြန်လည်မဖွင့်လှစ်နိုင်သေး

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် အတွင်း စစ်ဘေးဒုက္ခသည်တွေက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတစ်ခုဟာ ဆေးကုသပေးနိုင်မယ့် ဆေးဆရာ၊ဆရာမတွေမရှိတာကြောင့် ယာယီပိတ်ထားလိုက်တာကနေ၊ ၄ လ ကြာမြင့်လာတဲ့ ယနေ့အချိန်အထိ ပြန်လည်မဖွင့်လှစ်နိုင်သေးဘူးလို့ သိရပါတယ်။

“ဆေးခန်းပိတ်လိုက်တာက တတ်ကျွမ်းတဲ့ ဆေးဆရာတွေလည်း မရှိဘူးပေါ့၊ ဆရာမလည်း မရှိတာနဲ့။” လို့ စစ်ဘေးရှောင် လူထုတစ်ဦးက ပြောပါတယ်။

အဆိုပါ ယာယီပိတ်လိုက်ရတဲ့ ဆေးခန်းဟာ ဖရူမြို့နယ် အတွင်းမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှ စတင် ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေသွားရောက်ရန်ခက်ခဲနေတဲ့ ဒေသဖြစ်ပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ အဲဒီဒေသဘက်မှာ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေအဖြစ်များတယ်လို့ဆိုပါတယ်။

အဆိုပါ ယာယီပိတ်ထားတဲ့ ဆေးခန်းတည်ရှိရာ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၆၀ ကျော်အထိ ရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

spot_img
spot_img

Recent posts