spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် စစ်ဘေးရှောင်ပြည်သူတွေအတွက် အဟာရပြည့်ဝတဲ့ သီးနှံတွေရရှိရေး စိုက်ပျိုးနည်းတွေပို့ချ

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ၅ နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို အဟာရ ပြည့်ဝတဲ့ အစားအစာတွေ ရရှိရေးအတွက် ရည်ရွယ်ပြီး ဒေသဖွံ့ဖြိုးရေး အသင်းအဖွဲ့ တစ်ခုက စိုက်ပျိုးရေးနည်းလမ်းတွေ ပို့ချခဲ့ပါတယ်။

“ငါးနှစ်အောက် ရှိတဲ့ မိသားစုနဲ့ ကိုယ်ဝန်ဆောင်ပေါ့နော၊ အဲတာတွေကို ပိုပြီး ဦးစားပေးတယ်၊ အာဟာရ မြင့်တင်ရေးအနေနဲ့ပေါ့၊ မြန်မာနိုင်ငံ ကယားပြည်နယ်မှာက အာဟာရချို့တဲ့တာ အဆင့် ၂ လောက်ဖြစ်နေတော့ ဖြစ်တယ်ဆိုတဲ့ ဟာမျိုးဆိုတော့ သူတို့ သိသင့်တဲ့ အသိပညာ၊ ဗဟုသုတလေး နည်းနည်းပါးလေးပေါ့၊ စာဖိုဆောင်ရဲ့ အရေးကြီးကဏ္ဍက ကျနော်တို့ ဓါတုကင်းစင်ဖို့ပေါ့နော၊ ဓါတုမသုံးဖို့၊ ဓါတုကို လျှောချဖို့၊ ပြီးတော့ သဘာဝမြေသြဇာကို ကိုယ့်ဟာကို ပြန်သုံးဖို့ ထုတ်လုပ်နိုင်ဖို့ပေါ့နော၊”လို့ ဒေသဖွံ့ဖြိုးရေးအသင်းဖွဲ့တစ်ခုရဲ့ ဆရာတစ်ဦး က ဆိုပါတယ်။

ဖရူဆိုမြို့နယ် အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေကို ဦးစားပေးသင်ကြားပို့ချပေးနေတာဖြစ်ပြီး စားဖိုဆောင်ဝင်တဲ့ အမျိုးသမီးတွေအတွက် ဓာတုဆေးသုံးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို လျှော့ချသုံးစွဲနိုင်တဲ့ နည်းလမ်းကို အဓိက ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ ငါးနှစ်အောက်ကလေးငယ်တွေရဲ့ အာဟာရချို့တဲ့မှုဟာ မြန်မာနိုင်ငံမှာ အဆင့် ၂ အထိ ဖြစ်နေတာကြောင့် အစာအဟာရပြည့်ဝစွာ စားသုံးနိုင်ရေးမှာ စားဖိုဆောင် နဲ့ စိုက်ပျိုးရေးရဲ့ ကဏ္ဍကလည်း အရေးပါတယ်လို့ ဆိုပါတယ်။

အဆိုပါ စားဖိုဆောင်စိုက်ပျိုးရေး သင်တန်းပို့ချမှုကို ဇွန်လ ၅ ရက်နေ့က စတင်ပို့ချခဲ့ပြီး ၃ ရက်ကြာ သင်ကြားပေးခဲ့တဲ့အပြင် လက်တွေ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့တွေကိုလည်း ပေးဝေထားတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts