spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ထီးဆိုးစစ်ဘေးဒုက္ခသည်စခန်းရှိ ကလေးငယ်များအတွက် စာရေးကိရိယာလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ထီးဆိုးစစ်ဘေးဒုက္ခသည် စခန်းက စာသင်ကျောင်းမှာ ကလေးငယ်တွေအတွက် စာရေးကိရိယာလိုအပ်နေတယ်လို့ ထီးဆိုး စာသင်ကြားပေးနေတဲ့ ဆရာမတွေဆီကနေသိရပါတယ်။

” အခုက ကျောင်းဖွင့်ဖို့ အဆင်သင့်မဖြစ်သေးလို့ ရွေ့ဆိုင်းထားတာ ဒီယာယီတစ်ခုရှိတာပေါ့၊ စာသင်ချိန် တစ် ဖြတ်ပြီးသွားပြီ၊ တစ်လကျောင်းပိတ်တယ်၊ ပြီးတော့ နောက်တစ်သုတ်ပြန်ဖွင့်တာပေါ့နော၊ အခြေအနေက လောလောဆယ်မငြိမ်လို့ ဒီဘက်ယာယီ ဖွင့်တာပေါ့၊ မိသားစုလိုက် ပြောင်းပြီး ကျောင်းပြောင်းတဲ့ ကလေးတွေ ရှိတယ်၊ စာရေးကိရိယာတွေ စာသင်ဖို့ အသုံးပြုဖို့ မှင်ရည်တွေ၊ မှန်ကာ (marker) ၊ သင်ပုန်း၊ ရေးစာအုပ်တွေ အမှိုက်ပုံးကစပေါ့၊ မိုးကာကလည်း လိုအပ်နေသေးတယ်။ အဓိက လိုအပ်တာပေါ့၊ ဖတ်စာအုပ်ရော ပြဲကုန်ပြီလေး၊ နှစ်သုတ်ဖွင့်ပြီးပြီလေ၊ အပြဲလိုက်အတိုင်းပဲ ကလေးတွေ သုံးနေရတာပေါ့ ” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာ အခြားမြို့နယ်နဲ့ ယှဥ်ကြည့်ရင် ဝေးလံခေါင်ဖျားတဲ့အတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်မြင့်တက်နေဆဲလို့လည်း သိရပါတယ်။

ထီးဆိုး စစ်ဘေးဒုက္ခသည်စခန်းဟာ ၂၀၂၃ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျောင်းပြန်ဖွင့်နိုင်ရေး အဖက်ဖက်မှ ဝိုင်းဝန်းကူညီနေပေမယ့် ကျောင်း စာရေးကိရိယာနဲ့ အခြားလိုအပ်ချက်ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှ ပြန်ဖွင့်နိုင်အောင် ယာယီရွေ့ဆိုင်း လိုက်တယ်လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။

အဲ့ဒီ စာသင်ကျောင်းဟာ ကျောင်းသား ၁၂၀ ကျော် ရှိပြီး ဆရာ/မ ၅ ဦးနဲ့ ဦးဆောင်သင်ကြားပေးတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထီးဆိုး စစ်ဘေးဒုက္ခသည်စခန်းက စာသင်ကျောင်းဟာ Grade 5 အတန်းအထိ သာရှိနေပါတယ်။ ဆရာ၊ဆရာမ တချို့ရဲ့ အဆိုအရ ကျောင်းသား၊သူ တွေဟာ စာအုပ်မဝယ်နိုင်တဲ့ အတွက် ကျောင်းထွက်သွားတာတွေရှိနေပါတယ်။

spot_img
spot_img

Recent posts