ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်ကသေနတ်ဖြင့်ပစ်ခတ်

0
1553

ကန္တာရဝတီတိုင်း

ယနေ့မေလ ၁၄ ရက်နေ့ မနက်၈ နာရီ ခွဲ အချိန်မှာ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ မှာ အတားအဆီးအဖြစ်ထားထားတဲ့ ပေပါ ပုံးတွေကို ကားတစ်စီးက ဝင်တိုက်မိရာကနေ စစ်ကောင်စီတပ်တွေကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဝင်တိုက်မိတဲ့ကာက အိမ်စီးကား အပြာရောင် ဖြစ်ပြီး အမျိုးအမည် နဲ့ ကားပေါ်ပါရှိသူတွေ ကိုတော့ မသိဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ပေပါပုံးကို ကားက တိုက်မိတယ် ပြီတော့ ကားရပ်ခိုင်းတာ မရပ်ပဲ မောင်းပြေးသွားတယ်ပေါ့။ မောင်းပြေးတော့ အဲ့မှာ သေနတ်တွေဖောက်တယ်” လို့ ဖရူဆိုဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေကကနေ သေနတ်၁၀ ချက်ကျော်ပစ်ဖောက်ခဲ့ပြီး လူထိခိုက်မှုတာတွေရှိသလားဆိုတာကိုတော့ မသိရပါဘူး။

လက်ရှိ ဖရူဆိုမြို့အတွင်းမှာ အခုလိုပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ မိမိလုံခြုံရေးအတွက် စစ်ကောင်စီတပ်တွေရှိတဲံ့နေရာကို ရှောင်ကွင်းသွားနေကြရကြောင်း ဖရူဆိုဒေသခံတွေကဆိုပါတယ်။