spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ တောင်ယာမီးရှို့တဲ့ ဓလေ့ဖြစ်သည့် (ဆုအီဘာ) အကျဥ်းချုပ် ပြုလုပ်

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတွေမှာ ယခု မတ်လအတွင်း တောင်ယာမီးရှို့တဲ့ဓလေ့(ဆုအီဘာ) ကို ပြုလုပ်ခဲ့ကြပြီး ရိုးရာဓလေ့အရ တောလိုက်ခြင်း၊ ငါးဖမ်းခြင်း စတာတွေကိုလည်း မတ်လ ၂၁ ရက်နေ့မှာ အကျဥ်းချုပ် ပြုလုပ်တာ တွေ့ရပါတယ်။

“ခုတ်ထားတဲ့ တောင်ယာကို မီးရှို့တာကို (ဆုအီဘာ) လို့ခေါ်တယ်၊ ဒါ အရင်ကတည်းက ဘိုးဘွားစဥ်ဆက်က လုပ်နေကြတာပဲ၊ နောက်နှစ်တွေလည်း ပြုလုပ်ကြအုံးမှာပဲလို့” ဒေသခံတစ်ဦးက ပြောပါတယ်။

ကယား ရိုးရာအရ (ဆုအီဘာ) ရက်နေ့တွင် တောလိုက်သည့် ကျေးရွာရှိသလို၊ ငါးဖမ်းသည့် ကျေးရွာရှိနေ၍ ကျေးရွာအတွင်း သူစိမ်းလူကို ဝင်ခွင့် မပေးခြင်း၊ ဝါရှောင်ခြင်း စတဲ့ ရှေ့ရိုးကျ ဓလေ့ကိုလည်း အသုံးပြုနေသေးတယ်လို့ ဆိုပါတယ်။
ယခင်ကာလတွေမှာတော့ ဒေသခံတွေဟာ ရိုးရာဓလေ့အရ ငါးဖမ်းရာမှာ အုပ်စုအတွင်းရှိ နီးစပ်ရာ ဆွေမျိုးတွေကိုလည်း ဖိတ်ခေါ်ကာ ငါးဖမ်းနေကြပေမဲ့ ယခုမှာ ဒေသအတွင်း အကြောင်းမျိုးမျိုးကြောင့် ရိုးရာအနေဖြစ် အကျဥ်းချုပ်သာ ပြုလုပ်ရတယ်လို့လည်း ဒေသခံများက ပြောပါတယ်။

ရိုးရာအနေဖြင့် တောင်ယာမီးရှို့ခြင်း အခေါ် (ဆုအီဘာ) ပြုလုပ်ပေးခြင်းဖြင့် တောင်ယာသီးနှံအထွက်တိုးလာခြင်း၊ တောင်ယာအတွင်း ရောဂါပိုပွားမကျရောက်ခြင်း၊ ကြွက်ဖျက်ဆီးခြင်းမှ ကင်းဝေးခြင်း၊ သီးနှံစိုက်ခင်းမှ ဘေးပယောဂ မဝင်ခြင်း စတဲ့ ရိုးရာဓလေ့အဆိုအရ ယုံကြည်မှုတွေနေကြတာကြောင့် ဒေသခံတွေဟာ ဒီလိုဓလေ့ကို မဖြစ်မနေဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။

ယခုနှစ်အတွက် ဒေသခံတွေက တောင်ယာမီးရှို့ပြီး နောက်ထပ်စိုက်ပျိုးရာသီအတွက် တောင်ယာ၊ ယာခင်းများ အချို့ကို ကြိုတင်ပြင်ဆင်ကြပေမဲ့လည်း ဒေသတွင်း တိုက်ပွဲတွေကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

အဆိုပါ (ဆ်ုအီဘာ) တောင်ယာမီးရှို့ခြင်းဟာ ဖရူဆိုမြို့နယ် အရှေ့ဘက် ကျေးရွာ (၃) ရွာလောက်က လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က အစဥ်အဆက်ပြုလုပ်လာတဲ့ မိရိုးဖလာ ဓလေ့တစ်ခုဖြစ်သည့် ကယားရိုးရာ တောလိုက်ခြင်း၊ ငါးဖမ်းခြင်းတွေကို နေ့စဥ်နှစ်တိုင်း မတ်လ ၁၅ ရက်နေ့မှ စတင် ကျင်းပကြတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts