spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ ရဲစခန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့( မတ်လ ၃၀ရက်)မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ဖရူဆိုမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံးခဲ့တယ်လို့ ဖရူဆိုPDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မွန်းလွဲ ၂နာရီ ၂၀မိနစ်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁နာရီကျော်ကြာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖက် ထိခိုက်ဒဏ်ရာမရဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ဖရူဆိုPDF၊ KNDF B-04၊ DMO PDF တပ်ရင်း(A,B,D,G)၊ အလယ်ပိုင်းတိုင်း ၁၁၀၁နဲ့ နည်းပညာ လက်ရုံးတပ် CTU စတဲ့ မဟာမိတ် တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ ဖရူဆိုPDFက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ၊ ၂၇ ရက်နေ့မှာ ဖရူဆိုအခြေစိုက် ခမရ ၄၂၈ တပ်ရင်းကို KA၊ KNDF B-04၊ KNDF B-08 တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။

မတ်လ ၁၈ရက်နေ့မှာလည်း ဖရူဆိုမြို့မ ရဲစခန်းနဲ့ ခမရ ၅၃၁တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ဦး သေဆုံး ခဲ့ပါတယ်။

spot_img
spot_img

Recent posts