ဖရူဆို အနောက်ဘက်ခြမ်း စစ်ရှောင် စခန်းတစ်ခုမှာ ကိုယ်ထူကိုယ်ထကျောင်း ဆင်းပွဲ ပြုလုပ်

0
4749

CJ (ကန္တာရဝတီတိုင်း(မ်))

ဖရူဆို အနောက်ဘက်ခြမ်း စစ်ရှောင် အမှတ် ၃ စခန်းမှာ ကိုယ်ထူကိုယ်ထ ကျောင်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

” ပြည့်ပြည့်စုံစုံတော့ ဘယ်ရှိမလဲ။ ကျောင်းဆင်းပွဲက KG ကနေ Grade 8 အထိပေါ့ ပါဝင်တယ်။” လို့ CDM ဆရာမ တစ်ဦးက ပြောပါတယ်။

အဲဒီကျောင်းမှာ ကျောင်းသူ/သားဦးရေ ၁၈၀ ကျော်ရှိပြီး ဆရာ/မ ၁၁ ဦးနဲ့ ဦးဆောင်သင်ကြားနေပါတယ်။

စာသင်ပေးနေတဲ့ CDM ဆရာ/မ များ အတွက်လည်း ထောက်ပံကြေး မပေးနိုင်သေးတာကြောင့် တစ်ချို့တော့ ဆရာ/မ များ အခက်အခဲ့ ကြုံနေရကြောင်းလည်း စေတနာ့ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

အဲဒီစာသင်ကျောင်းဟာ စစ်ရှောင်တွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတာဖြစ်ပြီး သင်ကြားရေးနဲ့ပါတ်သတ်ပြီး အခက်အခဲလိုအပ်ချက်တွေများနေသေးတယ်လို့ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေအတွက် စာအုပ် လိုအပ်နေပြီး ကျောင်းသား မိဘများ စာအုပ်နဲ့ စာရေး ကိရိယာများ မဝယ်နိုင်တာလည်း ရှိနေကြောင်း သိရပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည် ဖရူဆိုမြို့နယ်သည် စစ်ရှောင် ၄၀၀၀ ကျော်ရှိပြီး ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်လှစ်ပြီး ကလေးတွေကို စာသင်ကြားပေးနေတာပါ။

ယခု ကိုယ်ထူကိုယ်ထ ကျောင်းဆင်းပွဲမှာလည်း အတန်းပြီးဆုံးကြောင်း လက်မှတ် ချီးမြှင့်နိုင်ခဲ့တယ်လို့သိရပါတယ်။