spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ စီမံကိန်းသက်တမ်းထပ်တိုးမည်

Author

Date

Category

ထျိုးမြာ

အလုပ်လက်မဲ့လူငယ်များ၏ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများတက်ရောက်ပြီးသူ ငါးဆယ်ရာခိုင်နှုန်းကို အသက်မွေးဝမ်းကြောင်းပညာရစေရန်ဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက်အားရကြေနပ်မှုရှိခဲ့သည်ဟု Mercy Corps မှ program manager ဦးမြတ်သူ ကပြောပါသည်။

“ပြောချင်တာက ဒီလိုမျိုးသင်တန်းတွေကတစ်ဆင့်ပေါ့နော။ အုပ်ချုပ်မှုစနစ်တွေပိုအားကောင်းလာလိုရှိရင် ကျနော်တို့ရဲ့အဓိကရည်မှန်းချက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးကူညီဖို့ဆိုတာတွေပါတယ်။ အဲ့ဒါတွေကို အထောက်အကူပြုတယ်လို့မြင်တယ်။ ဒါကြောင့် အဲ့ဒါတွေကိုအားရတယ်။” ဟု ဦးမြတ်သူကပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သော လူငယ်များကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းသင်တန်းများပို့ချပေးခြင်း ၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်သော စွမ်းရည်မြင့်တင်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားသည်ဟု သိရသည်။

၎င်းသင်တန်းမှတဆင့် အုပ်ချုပ်မှုစနစ်များပိုမိုအားကောင်းလာစေရန် ရည်မှန်းချက်ဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးကူညီရာအထောက်အကူဖြစ်စေသည်ဟု ဦးမြတ်သူက ဆိုပါသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သုံးနှစ်တာစီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ဒေသခံလူမှုအသင်းအဖွဲ့များ ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ အမှတ်တရပုံဖြစ်သည်။ ပုံ-ထျိုးမြာ /ကန္တာရဝတီတိုင်း(မ်)

၎င်းတို့၏အစီအစဉ်သည် ဒေသဖွံ့ဖြိုးရေးနှင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်  ကူညီပံ့ပိုးပေးရန်ရည်ရွယ်ထားပြီး တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။

 သင်တန်းတက်ပြီးသွားသော လူငယ်များထဲမှ ငါးဆယ်ရာခိုင်နှုန်းကျော် အလုပ်အကိုင်ရှာ ဖွေပေးနိုင်ခဲ့ပြီး ကျန်သည့်လူငယ်များအား ဆက်လက်ချိတ်ဆက်ပေးနေသည်ဟု သိရသည်။

ကယားပြည်နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွင်သော  AVSIS  (Assoication of volunteer International Service) , Mercy Corps   ,World Education ဟူသော အဖွဲ့အစည်းကြီးသုံးဖွဲ့ရှိပြီး ၎င်းတို့သုံးဖွဲ့ထဲမှ မိမိတို့၏သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းများနှင့် လုပ်ငန်းများပြန်လည် ဆောင်ရွက်ကြသည်ဟုသိရသည်။

မေလ (၇) ရက်နေ့၌ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Monitoring & Evaluation Team နှင့် မိတ်ဖက်အဖွဲ့အစည်းများ လွိုင်ကော်မူလတန်းကြိုကျောင်းတွင် တွေ့ဆုံခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းများကို သက်တမ်းတိုးဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သောကာလတွင် ပြည်နယ်အတွင်းရှိအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လာရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်ဟုသိရသည်။

 ထိုသို့ကွင်းဆင်းရာတွင် ကယားပြည်နယ်တွင် အထောက်အပံ့များရရှိထားသော ဒေသခံများအနေနှင့် အားစိုက်ထုတ်မှုအားနည်းနေသေးသည်ကိုတွေ့ရသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မျိုးသန့်က ပြောပါသည်။

“ ငွေကြေးအထောက်အပံ့က ငွေလုံးငွေရင်းနဲ့မဟုတ်ဘူးပေါ့ သင်တန်းပြီးရင် တစ်ချို့ဒေသခံတွေက အားစိုက်မှုလေးတွေလိုနေတဲ့အပိုင်းလေးတွေရှိတယ်။ သူကအထောက်အပံ့ကိုပဲ မှီတည်နေပြီးတော့ အထောက်အပနည်းလို့ပေါ့နော။ နောက်တစ်ခုက တစ်ချို့ကျတော့ အပ်ချုပ်သင်တန်းတွေပေးတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ပြန်လုပ်စားနိုင်အောင်အထိက ကံယာကံရှင်ဘက်က အားစို်က်မှုလိုအပ်တာလေးတွေ တွေ့ရှိနေသေးတယ် ”  ဟု သူကပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် ပထမသက်တမ်းကို ၂၀၁၄ ဇန်နဝါရီလတွင် နှစ်ဘက်နားလည်မှုစာချွန်လွာရေးထိုးခဲ့ကြပြီး ဘတ်ဂျက်အနေနှင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၆.၃ သန်းဖြင့်ဆောင်ရွက်ခဲ့ကြပြီး ယခုသက်တမ်းတိုးရာတွင် ၂၀၂ဝ ခုနှစ်အထိ အဆိုပြုထားကြကြောင်းသိရသည်။

 

spot_img
spot_img

Recent posts