spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဖွဲ့စည်းပုံအရ ခန့်အပ်ရမယ့် ဆရာဝန်ဦးရေ ရဲ့တဝက်တောင်မပြည့်ပေမဲ့ လူနာတွေကို အဆင်ပြေအောင်ကုသပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်းရှိ ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေမှာရှိနေတဲ့ဆရာဝန်ဦးရေဟာ ဖွဲ့စည်းပုံအရ ခန့်အပ်ရမယ့် ဆရာဝန်ဦးရေရဲ့ တဝက်တောင်မရှိပေမဲ့လို့ လူနာတွေကိုတော့ နိုင်နိုင်နင်းနင်းကုသပေးနေနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။

“ဒီလူနာအနေအထားနဲ့ကြည့်ရင်တော့ လတ်တလော အဆင်ပြေအောင် ဆေးကုသမှုပေးနေတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဖွဲ့စည်းပုံအရတော့ ထားပေးမယ့် တကယ့်တကယ်တော့ ဆရာဝန်အပြည့်အစုံက ဘယ်ဆေးရုံမှ ခန့်ထားနိုင်ခြင်းမရှိသေးဘူး။ ဒါ့အပြင် ဒီမှာခန့်ထားတဲ့ ဆရာဝန်ထဲကနေပြီးတော့ ဘွ့ဲလွန်တက်နေတဲ့ ဆရာဝန်တစ်ချို့တစ်ဝက်လည်းရှိတယ်။ ဒါကြောင့်မလို့ လုံလောက်လားဆိုရင် ဆရာတို့က ရှိတဲ့လူနာတွေအပေါ်မှာ ရှိတဲ့ဆရာဝန်တွေက နိုင်နိုင်နင်းနင်း ကုသမှုပေးတာတော့ရှိပါတယ်” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။

ပြည်နယ်ရှိ ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေမှာ ဖွဲ့စည်းပုံပြည့်ဖြင့် ဆရာဝန်ဦးရေ (၂၉၄)ဦးခန့်ထားရမှာဖြစ်ပေမယ့် လက်ရှိခန့်အပ်ထားတာက (၁၁၃)ဦး၊ လစ်လပ် (၁၉၁)ဦး၊ သူနာပြုခန့်ထားရမယ့်စာရင်းမှာ (၅၉၇)ဦး လက်ရှိခန့်အပ်စာရင်းမှာ (၄၂၂)ဦး၊လစ်လပ် (၁၇၅)ဦး ရှိတယ်လို့ ပြည်နယ်ကုသရေးဦးစီးဌာနရဲ့စာရင်းအရ သိရပါတယ်။

ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာဆိုရင် ဆရာဝန်စုစုပေါင်း (၂၁၅)ဦးခန့်ထားရပေမယ့် လက်ရှိခန့်ထားတာတော့ (၉၁)ဦးသာ ရှိပါတယ်။

ဆရာဝန်၊ သူနာပြု ဦးရေလိုအပ်ချက်ရှိနေပေမယ့်လည်း ရှိတဲ့ဆရာဝန်နဲ့ ပြည်နယ်ရဲ့လူဦးရေ အချိုးအစားအရ ဆရာဝန်အင်အား သူနာပြုအင်အားက လုံလောက်မှုရှိတယ်လို့ ဒေါက်တာကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက တိုက်နယ်ဆေးရုံ(၁၀)ခုမှာ ၄ခုသာ ဆရာဝန်ရှိနေပြီး လက်ရှိမှာတော့ တိုက်နယ်ဆေးရုံအားလုံးမှာ ဆရာဝန်တစ်ဦးစီရှိနေပြီး ကုသပေးနေတယ်လို့သိရပါတယ်။

“အခုဆိုရင် တိုက်နယ်ဆေးရုံတွေမှာ ဆေးရုံတိုင်းဆေးရုံတိုင်းမှာ ဆရာဝန်ရှိနေပါပြီ။ အမှန်တော့ တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်နှစ်ဦးတော့ရှိရမယ့်ဟာမှာ တစ်ဦးစီကတော့ ဆေးရုံတိုင်းမှာရှိနေပါပြီ။ တကယ့်တကယ်ဒီပြည်နယ်နဲ့ဆိုရင်လည်း တိုက်နယ်ဆေးရုံဆေးရုံတွေမှာ ဆရာဝန်တစ်ဦးကသေချာရှိရင် လုံလုံလောက်လောက်ကုလို့ရပါတယ်” လို့ ဒေါက်တာဌေးလွင်ကဆက်ပြောပါတယ်။

ကယားပြည်နယ်စာရင်းစစ်ချုပ်ရုံးရဲ့ ကယားပြည်နယ်၏ ၂၀၁၈ခုနှစ် (ဧပြီလမှစက်တင်ဘာလအထိ) ဘဏ္ဍာငွေအရ၊ အသုံးစာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာထဲမှာတော့ ကျေးလက်ကျန်းမာရေးဌာ ၂၈ခုအောက်က ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၁၇)ခုရှိပါတယ်။ ဒါပေမဲ့ တချို့ မြို့နယ်တွေက တိုက်နယ်ဆေးရုံနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲတွေမှာ အဆောက်အဦးသာရှိပြီး ဝန်ထမ်းမရှိဘူးလို့ သိရပါတယ်။

ဒါတွေကို စာရင်းစစ်အနေနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ ပိုက်ဆံပိုကုန်စေတယ်လို့ ပြည်နယ်စာရင်းစစ်ချုပ် ဦးမောင်မောင်းက ဆိုပါတယ်။

“တချို့တိုက်နယ်ဆေးရုံတွေမှာ တချို့ RHC ပေါ့နော အဲဒါတွေက ဖွဲ့စည်းပုံကမကျသေးဘူး အဆောက်အအုံတွေကို အရင်ဆောက်လိုက်တယ် အဆေက်အအုံပြီးတဲ့ခါကျတော့ ဖွဲ့စည်းပုံကျသင့်တာပေါ့နော။ အအောက်အအုံဆောက်ပြီး ဝန်ထမ်းမရှိတဲ့အတွက် စာရင်းစစ်အနေနဲ့ကြည့်ရင်တော့ ပိုက်ဆံပိုကုန်နေပြီပေါ့ မလိုသေးဘဲနဲ့ ကုန်နေပြီပေါ့။ ဆောက်ပြီးရင်လည်း ချက်ချင်းလာပြီး ဆေးခန်းဖွင့်နိုင်ရင်တော့ အဆင်ပြေတာပေါ့။ ဒါမဖွင့်နိုင်တဲ့အတွက် ကျန်းမာရေးဌာနရဲ့လိုအပ်ချက်ပေါ့” လို့ အစီရင်ခံစာအရ ပြောပါတယ်။

ဆေးရုံတွေရဲ့ ဓာတ်မှန်ခန်းအခြေအနေကို စစ်ဆေးကြည့်လိုက်တဲအခါမှာ အချို့တိုက်နယ်ဆေးရုံတွေမှာ စံသတ်မှတ်ချက်နဲ့အညီ ဓာတ်မှန်ခန်းနဲ့ဓာတ်မှန်စက်မရှိခြင်း၊ ဓာတ်မှန်ခန်းရှိသော်လည်း ဓာတ်မှန်စက်မရှိခြင်း၊ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းမရှိခြင်း၊ ဓာတ်မှန်စက်ရှိပြီး တစ်နှစ်ခန့်အထိ တပ်ဆင်အသုံးပြုတာတွေလည်းရှိနေပါတယ်။

ကယားပြည်နယ်အတွင်း ဓာတ်မှန်စက်မရှိသေးတဲ့ တိုက်နယ်ဆေးရုံ(၆)ရုံ ကျန်ရှိနေသေးတာကို အစီရင်ခံစာရင်းအရ သိရပါတယ်။

ဓာတ်မှန်ခန်းတစ်ခုရဲ့စံသတ်မှတ်ချက်အရ ဓာတ်ရောင်ခြည်ဖြစ်တဲ့အတွက် ပြင်ပကိုလွင့်ပျံပြီး တခြားသူကို အန္တာရယ်မဖြစ်အောင် ဓာတ်မှန်ခန်းရဲ့အဆောက်အအုံဟာ ၉လက်မအုတ်ရှိရမှာဖြစ်ပါတယ်။

ဓာတ်မှန်ခန်းတံခါးတွေမှာ ခဲပြားတပ်ရမှာဖြစ်ပြီး အလုံပိတ်ဖြစ်တဲ့အတွက် အဲကွန်းတပ်ရမှာ ဖြစ်ပါတယ်။ ဒီအပေါ် အချို့တိုက်နယ်ဆေးရုံတွေမှာလိုအပ်ချက်ရှိနေသေးတာကြောင့် တင်ပြတောင်းခံထားတယ်လို့ ဒေါက်တာကရှင်းပြပါတယ်။

“အဲဒီစံကိုက်ဖြစ်အောင် ဆရာက အခုစာရင်းစစ်အရ အကုန်လုံးတင်ပြတောင်းခံထားတယ်။ တချို့ဟာတွေ ဓာတ်မှန်ခန်းစံပြဖြစ်ပြီ တစ်ချို့ဟာတွေတော့ မဖြစ်သေးဘူး။ အဲဒီထဲမှာမှ ဟိုယာဆေးရုံဆိုရင် လွန်ခဲ့တဲ့ အနှစ်၃၀လောက်က ဆောက်ခဲ့တယ် အဲဒီမှာခွဲစိတ်ခန်းမပါဘူး။ ဓာတ်မှန်ခန်းသီးသန့်မပါဘူး။ မပါတဲ့ခါကျတော့ ဆရာဝန်လည်းပြတ်တောက်ပြတ်တောက်ဖြစ်ခါကျတော့ ဓာတ်မှန်ရှိပြီးတော့ ဓာတ်မှန်ရိုက်မယ့်သူလည်းလိုတယ်။ ဓာတ်မှန်ကြည့်ပေးဖို့လိုတဲ့အတွက်ကြောင့် အဲ့မှာတော့ဓာတ်မှန်စက်မရှိသေးဘူး” ဒေါက်တာဌေးလွင်က ဆိုပါတယ်။

ကယားပြည်နယ်မှာ ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ ကုတင်(၅၀)ဆန့် ဒီမော့ဆိုမြို့နဲ့ ဘောလခဲမြို့နယ်ဆေးရုံ၊ ကုတင်(၂၅)ဆန့် ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့၊ ရှားတောမြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ(၁၀)ခုဖြစ်တဲ့ လောဓလေး၊လွိုင်လင်လေး၊ နန်းမယ်ခုံ၊ ဒေါတမကြီး၊ လိုဘာခို၊ဟိုယာ၊ သရီးဒါး၊ ရွာသစ်၊ လိုခါးလို၊ ပန်တိန်း စတာတွေပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts