spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဗမာအလံဖြစ်မြောက်ရေး ဆောင်ရွက်မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဗမာတိုင်းရင်းသားများရှေ့ရောက်နေသည်ဟု ယူဆရသော်လည်း လက်ရှိတွင် ဗမာတိုင်းရင်းသားများအနေဖြင့် အလံမရှိသေးသည့်အတွက် ဗမာအလံဖြစ်မြောက်ရေး ဦးစွာဆောင်ရွက်သွားမည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက ပြောပါသည်။

“ကချင်မှာကချင်အလံရှိတယ်။ ကယားမှာလည်း အလံရှိပါတယ်။ ကရင်မှာလည်း အလံရှိပါတယ်။ ချင်းမှာလည်းအလံရှိပါတယ်။ ရခိုင်မှာလည်း အလံရှိပါတယ်။ မွန်ပြည်နယ် အလံလည်းရှိပါတယ်။ မွန်တိုင်းရင်းသားတွေလည်းရှိပါတယ်။ ရခိုင်တိုင်းရင်းသားအလံတွေလည်းရှိပါတယ်။ ကျနော်တို့ရှေ့ရောက်တယ်လို့ ပြောတဲ့ ဗမာတိုင်းရင်းသားအလံက မရှိပါဘူး။”

ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေသည် အောက်တိုဘာလ ၂၀ ရက်နေ့ညချိန်၌ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ ခန်းမတွင် ဗမာတိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ငွေတောင်ရွာခန်းမတွင် တွေ့ရစဉ် (ဓါတ်ပုံ – ဒေသခံ)

ထို့အကြောင့် ရှေ့ဦးစွာဆောင်ရွက်ရမည့်အလုပ်သည် ဗမာအလံဖြစ်မြောက်နိုင်ရေး ဥပဒေရေးဆွဲရန်လိုကြောင်း၊ ဗမာအလံပေါ်ထွန်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၏ ပြည်နယ်အသီးသီးတွင် ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ငါးဦးမှ ဗမာတိုင်းရင်းသား အလံဖြစ်မြောက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုသွားပါသည်။

ယခုအချိန်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟုဆိုရာတွင် တိုင်းရင်းသား ၁၃၅ မျိုးလုံးပါနေသည်။ မြန်မာနိုင်ငံတွင် ရှိသည့် တိုင်းရင်းသား ၈ မျိုးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟု ရှင်းလင်းထားကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံတွင် နေထိုင်သည့် ဗမာတိုင်းရင်းသားများဖြစ်ကြောင်း ၊ ဗမာတိုင်းရင်းသားအလံသည် ပြည်ထောင်စု သမ္မတ နိုင်ငံတော်အလံကိုသာ အသုံးပြုထားရကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။

“ကျနော်တို့မရှိတော့ပဲ နှောင်နှစ် ငါးဆယ်မှာ တစ်ရာမှာ ဒီမှာရှိတဲ့ နှောင်နှစ်တစ်ရာမှာ ခုဒီမှာထိုင်နေတဲ့ ပုဂ္ဂိုလ်တွေမှာ မရှိတော့တဲ့အခါမှာ ကျနော်တို့ရဲ့နောက်မှာကျန်ခဲ့မယ့် ကျနော်တို့ရဲ့ဗမာကလေး ခုချိန်မှာကျနော်တို့သိခဲ့တဲ့အသိတွေ တို့ယဉ်ကျေးမှုဆိုတာ ဒါ၊ တို့ရဲ့ ဓလေ့ထုံးတမ်းဆိုတာ ဒါလို့မှ မပြောခဲ့ရင် ဒီကလေးတွေက ဘယ်သိတော့မလဲ။” ဟု ဗမာတိုင်းရင်းသားအရေး သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းရန် တိုက်တွန်းသွားပါသည်။

တိုင်းရင်းသားဒေသဟုသုံးမည်ဆိုပါက မြန်မာတနိုင်ငံလုံးနှင့်သက်ဆိုင်ကြောင်း တိုင်းရင်းသားတောင်တန်းဒေသဟု ဆိုရာမှ ကချင်၊ ရှမ်း၊ ကရင် စသည့် တခြားတောင်ပေါ်ဒေသမှ တိုင်းရင်းသားဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသဟု ပြောသည့်အချိန်တွင် ဗမာတိုင်းရင်းသားအားလုံးနေထိုင်သော ဒေသလည်း အကြုံးဝင်ကြောင်း ထပ်လောင်းရှင်းပြသွားပါသည်။

ယခင်က Bumar(ဗမား)ဟု သုံးခဲ့သည့်အတွက် ဗမာနိုင်ငံ၊ ဗမာတိုင်းရင်းသားဟု တွဲနေသည့်အတွက်ကြောင့် ဗမာနိုင်ငံအလံသည် ဗမာတိုင်းရင်းသားအလံဟု ယူဆခဲ့ပြီး နေနေခဲ့သည့် အနေအထား တစ်ခုဖြစ်သည်ဟု ဆိုပါသည်။

တွေ့ဆုံပွဲသို့ လာရောက်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် စိုက်ကွင်း (၂) အောင်သပြေရပ်ကွက်မှ ဦးမောင်ဝင်းက “ကျနော်သိတာ ဒါက ပထမဆုံးအကြိမ်ပဲ ဗမာတိုင်းရင်းသား ဝန်ကြီးခေါ်တယ်ဆိုတော့ ပထမဆုံးအကြိမ်ပဲ” ကပြောပါသည်။

ဗမာတိုင်းရင်းသားများနှင့် ဝန်ကြီးတွေ့ဆုံမှုအခန်းအနားတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအကြောင်းကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ချပြရှင်းလင်းသွားခဲ့သည်။

spot_img
spot_img

Recent posts