spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်ကြောင်းစာ ဖြန့်ဝေသူများကို အာဏာပိုင်များ ဟန့်တား

Author

Date

Category

မူအက်စတာ

ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ခြင်းကိစ္စအား ကန့်ကွက်ကြောင်း အသိပေးစာရွက်ကို လိုက်လံဝေနေသည့် ကယား(ကရင်နီ)ပြည်နယ်ရှိ ကျောင်းသားလူငယ်များကို ဒေသအာဏာပိုင်များက ယနေ့ နေ့လည်ပိုင်းက ဟန့်တားလိုက်သည်။

လွိုင်ကော်မြို့ပေါ်တွင် ကယား(ကရင်နီ)ပြည်နယ် သမိုင်းစာရွက်ကို လိုက်လံဝေပေးနေစဉ် လွိုင်ကော်မြို့နယ်ရှိ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့ကို စာရွက်စာတမ်းဥပဒေနှင့်တကွ အထက်သို့တင်ပြကာ ဆက်လက်ဆောင်ရွက်ရန် ပြောကြားသည်။

“အဓိကကတော့ ဒီလိုစာတွေလိုက်ဝေချင်တယ်ဆိုရင် သူတို့ဆီကို စာတွေတင်ရမယ်ဆိုတဲ့အကြောင်း လာပြောသွားတာပေါ့၊ စာရွက်စာတမ်းဥပဒေနဲ့ အထက်ကို တင်ပါပြောတာ ဘယ်ဥပဒေလဲလို့ မေးတော့ သူတို့ဘာပြန်မပြောနိုင်ဘူးလေ။”ဟု ကရင်နီပြည်တောင်သူများသမဂ္ဂအဖွဲ့ဝင် ကိုစစ်မုန်းဒီးဒီက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ကရင်နီပြည် တောင်သူများသမဂ္ဂ၊ ကရင်နီပြည် လူငယ်များသမဂ္ဂမှ လူငယ်များစုပေါင်း၍ ပြည်နယ်အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တည်ဆောက်ခြင်းကိစ္စအား ကန့်ကွက်ကြောင်း ပြည်နယ်အတွင်းရှိ ပြည်သူများသို့ အသိပေးစာရွက်များကိုု ယခုရက်သတ္တသပတ်အတွင်း လိုက်လံဝေပေးခဲ့သည်။

အတိတ်သမိုင်းက အကြောင်းအရာများကို ယနေ့ခေတ်၌ ဝါဒဖြန့်ခြင်းသည် စိုးရိမ်စရာကောင်းသဖြင့် တားမြစ်ရခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောသည်။

“ပြည်နယ်ကို ခွဲထွက်မယ်ဆိုတဲ့ ပုဒ်မ ၅၀၅ (ခ)ဆိုတာ တအားကြီးလွန်းတယ်လေး။ လုပ်ချင်တယ်ဆိုရင် တရားဝင်တင်၊ အားလုံးကတော့ တင်ကိုတင်ရတယ်၊ ဘာပဲလုပ်လုပ် တရားပွဲကအစ။”ဟု ဦးကျော်မိုးက ပြောသည်။

ကိုစစ်မုန်းဒီးဒီကမူ“ကျွန်တော်တို့ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပဲ အခုထက်ထိ ကျွန်တော်တို့ လိုက်ဝေနေတယ်”ဟု ပြောသည်။

လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လိုက်လံတားဆီးပိတ်ပင်သော်လည်း ၎င်းတို့ကျေနပ်မှုမရှိ၍ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကိုဒီးဒီကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်အား လွိုင်ကော်မြို့ ဂန္ဓာဟေဝန်ပန်းခြံတွင် ထားရှိရန် ပြည်နယ်အစိုးရက စီစဉ်နေခြင်းဖြစ်သည်။

ယင်းကြေးရုပ်ကို အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်နေပြီး ပြည်နယ်အစိုးရထံသို့ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို ဇွန်လ ဒုတိယအပတ်က ပေးပို့ထားသည်။

spot_img
spot_img

Recent posts