spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ရန် ကျေးရွာများသို့ လူငယ်များ စစ်တမ်းလိုက်ကောက်ခံ

Author

Date

Category

ဗိုလ်​ချုပ်​​ကြေးရုပ်​အား ကန်​့ကွက်​​ကြောင်​း လူထုသ​ဘောထားများကို ဇူလိုင်​ ၁၆ ရက်နေ့က လိုက်လံ​ကောက်​ယူ​​နေစဉ်(ဓါတ်ပုံ-ကယန်းမျိုးဆက်သစ်လူငယ်-KNGY)

မူအက်စတာ

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ ဂန္ဓာဟေဝန်ပန်းခြံတွင် ပြည်နယ်အစိုးရမှတည်ဆောက်မည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ရန် ကျေးရွာများသို့ ကရင်နီလူငယ်များ လိုက်လံစစ်တမ်းကောက်ယူနေသည်။

ကရင်နီလူငယ်များမှ ရည်ရွယ်ချက် ၃ ခုဖြင့် ကန့်ကွက်ရန်စစ်တမ်း ကောက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကန့်ကွက်ရတဲ့ ရည်ရွယ်ချက်က ၃ချက်ရှိတယ်ပေါ့၊ သမိုင်းအရကန့်ကွက်တယ်၊ အမျိုးသားရေးအရနဲ့ ငြိမ်းချမ်းရေးအရကန့်ကွက်တယ်ပေါ့။”ဟု ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ ခွန်းဂျွန်သန်းက ကျေးရွာများတွင် စစ်တမ်းလိုက်လံကောက်ခံရာတွင် ပြောကြားသွားသည်။

ဗိုလ်​ချုပ်​​ကြေးရုပ်​အား ကန်​့ကွက်​​ကြောင်​း လူထုသ​ဘောထားများကို ဇူလိုင်​ ၁၆ ရက်နေ့က လိုက်လံ​ကောက်​ယူ​​နေစဉ်(ဓါတ်ပုံ-ကယန်းမျိုးဆက်သစ်လူငယ်-KNGY)

သမိုင်းအရ ကန့်ကွက်ရခြင်းမှာ ကရင်နီပြည်သည် ယခင်တည်းကသီးခြားလွတ်လပ်သည့် ပြည်နယ်ဖြစ်သဖြင့် ကန့်ကွက်သူများက သဘောထားနေသည်။ သီးခြားလွတ်လပ်သည့်ပြည်နယ် ဖြစ်သော်လည်း ပြည်ထောင်စုမှခွဲထွက်ရန်အတွက် ပြောခြင်းမဟုတ်ဘဲ၊ သမိုင်းအမှန်ကို ထိုးဖောက်နိုင်ရန်အတွက် ပြောဆိုရခြင်းဖြစ်သည်ဟုဆိုသည်။ အမျိုးသားရေးအရမှာ ၎င်းတို့အနေနဲ့ အမှန်ရှိခဲ့သည့် သမိုင်းစာရွက်ကို လိုက်လံဖြန့်ဝေရာ လူကြီးများသည်လည်း လက်ခံခဲ့ကြောင်းဆိုသည်။ ပြည်နယ်အစိုးရအနေနှင့် အမျိုးသားတန်းတူရေးဟု ဆိုသည့်အချက်ကို လက်မခံနိုင်ကြောင်း ဆိုသည်။

ကန့်ကွက်ရခြင်း၏ နောက်ဆုံးအချက်ဖြစ်သည့် ငြိမ်းချမ်းရေးအရမှာ လွန်ခဲ့သည့် နိုဝင်ဘာလတွင် ကေအဲန်ပီပီတပ်သား ၃ ဦးကို စစ်တပ်များမှသတ်ဖြတ်မှုအပေါ် ကရင်နီလူငယ်များမှ ဆန္ဒပြမှုမှာ ငြိမ်းချမ်းစွာဖြေရှင်းစေလိုသည့် ရည်ရွယ်ချက်ကြောင့်နှင့် ကေအဲန်ပီပီဘက်မှပြန်လည်ပစ်ခတ်မည် ဆိုပါက ပြည်သူများက ကြားမှနေ၍ခံရမည်ဖြစ်သောကြောင့် အချက် ၃ ချက်နှင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ခွန်းဂျွန်သန်းက ဆက်ပြောသည်။

ဗိုလ်​ချုပ်​​ကြေးရုပ်​အား ကန်​့ကွက်​​ကြောင်​း လူထုသ​ဘောထားများကို ဇူလိုင်​ ၁၆ ရက်နေ့က လိုက်လံ​ကောက်​ယူ​​နေစဉ်(ဓါတ်ပုံ-ကယန်းမျိုးဆက်သစ်လူငယ်-KNGY)

ကရင်နီလူငယ်များမှ ကန့်ကွက်ကြောင်းစစ်တမ်း လိုက်လံကောက်ခံနေချိန်တွင် ပြည်နယ်အစိုးရဘက်မှလည်း ထောက်ခံ/ကန့်ကွက်မဲများအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ တဆင့် လိုက်လံကောက်ယူစေသည်။ ဇူလိုင်လ၂ဝ ရက်နေ့တွင် ထောက်ခံမဲနှင့် ကန့်ကွက်မဲများ ရလဒ်အခြေအနေ တင်ပြရန် လူငယ်များနှင့် အစိုးရအဖွဲ့တို့ ပြန်လည်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

“ဆန္ဒမဲ ကောက်ခံဖို့အတွက် အစိုးရဘက်က ဘာမှမလုပ်ရသေးဘူး၊ ကျွန်တော်တို့က ဝန်ထမ်းတွေမို့လို့လေ၊ ဘာမှမလုပ်အားဘူး၊ ၂ဝ ရက်နေ့ လူငယ်တွေနဲ့ ပြန်တွေ့မယ် အဲ့မှာ သူတို့ဆုံးဖြတ်တဲ့အပေါ်မှာပဲ ဆရာတို့ဆွေးနွေးမယ်၊ ဘာအခက်အခဲမှ မရှိပါဘူး။”ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဇူလိုင်လ ၁ရ ရက်နေ့တွင် ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်အတွင်းရှိ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်း အားလုံးနီးပါးမှ ဗိုလ်ချုပ်ကြေးရုပ်ထောက်ခံကြောင်း ထုတ်ပြန်ချက်များ အစီအရီထွက်ပေါ်လာမှုသည်လည်း ပြည်နယ်အစိုးရဖက်မှ မည်သည့်ညွှန်ကြားချက်မျှ ပေးခြင်းမရှိပဲ ၎င်းတို့ကိုယ်ပိုင်အမြင်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဦးမိုးကျော်က ဆက်ပြောသည်။

“အကယ်၍ အစိုးရကဆက်လုပ်ရင်ရော ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ၊ ကျွန်တော်တို့ပြည်နယ် တစ်ခုခုဖြစ်သွားမလား။”ဟု ဒေါငံရောက်ကျေးရွာ ဒေသခံတစ်ဦးကဆိုသည်။

မဲဆန္ဒကောက်ယူပြီး အစိုးရဘက်မှ ထောက်ခံကြောင်း မဲအနိုင်ရရှိပါကလည်း ပြည်နယ်အတွင်းရှိ ကရင်နီလူငယ်များ လှုပ်ရှားမှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ဇူလိုင်လ ရရက်နေ့ ပြည်နယ်အစိုးရရုံးတွင် ဆန္ဒပြမှုတွင်ပါဝင်သည့် လူငယ်များနှင့် အစိုးရတို့ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်မှ လူနည်းစု၏ ဆန္ဒကိုလည်း လစ်လျူရှုမထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကရင်နီလူငယ်များမှ အခြေအနေတစ်ခုဖြင့် ချဉ်းကပ်၍မရလျှင် အခြားအစီအစဉ်နှင့် ဆက်လက်လှုရှားမည်ဖြစ်ကြောင်း သိရသည်။ ယခု လူငယ်များစစ်တမ်းကောက်ယူရာတွင် ကယန်း၊ ကယား၊ ကယော၊ မိုနူ(ကော်ယော်)၊ ယင်းတလဲစသည့်လူငယ်များမှ ၎င်းတို့လူမျိုး နေထိုင်ရာဒေသအထိ သွားရောက်ကာ သဘောထားဆန္ဒများ လိုက်လံကောက်ခံနေကြောင်း သိရသည်။

spot_img
spot_img

Recent posts