spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်မှုတွေအပေါ်တခြားသော တိုင်းနဲ့ပြည်နယ်ကလူငယ်တွေ ဘယ်လိုုများပြောဆိုုကြပါသလဲ

Author

Date

Category

ကယား(ကရင်နီ)ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်မှုတွေအပေါ်တခြားသော တိုင်းနဲ့ပြည်နယ်က လူငယ်တွေ ဘယ်လိုုများပြောဆိုုကြပါသလဲ။

ကိုသာလှ (ဌာနေတိုင်းရင်းသား လူမှုဖွံ့ဖြိုးရေးအသင်း)

ကိုသာလှ (ဌာနေတိုင်းရင်းသား လူမှုဖွံ့ဖြိုးရေးအသင်း)

ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ အကုန်လုံးကလွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ခေါင်းဆောင်ကြီးတွေ အများကြီးရှိတယ်။ အများကြီးထဲမှာကယားကခေါင်းဆောင်တွေလည်း ပါမှာပဲ။

သူ့နေရာမှာ သူတို့ခေါင်းဆောင်ကိုထားမယ်ဆိုရင်တော့ပိုပြီးတော့ သင့်တော်တယ်လို့မြင်ပါတယ်။ အခုတိုင်းရင်းသားလူငယ်တွေဆိုရင်လည်း အခွင့်အရေးတွေကိုတန်းတူညီမျှ မရတာကိုကျွန်တော်တို့ကမြင်တယ်။

အဲဒါကြောင့် ကျွန်တော်တို့ဒီကိုကြည့်လိုက်တဲ့အခါမှာ ဒီလိုမျိုးကန့်ကွက်တာကို သင့်တော်တယ်လို့မြင်ပါတယ်။

ကိုထွန်းအောင် (နာဂကျောင်းသားလူငယ်)

ကိုထွန်းအောင် (နာဂကျောင်းသားလူငယ်)

ကျွန်တော်တို့ဆိုရင် နာဂကျောင်းသားလူငယ်အဖွဲ့ဖြစ်တယ်။ ဆိုတော့ကျွန်တော်တို့အဖွဲ့က တက်ရောက်လာတယ်ပေါ့နော။

ဒီနေ့ဒီဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်မှာစိုက်တဲ့ ကိစ္စက ကန့်ကွက်တဲ့သူတွေနဲ့ထောက်ခံတဲ့သူတွေနဲ ့နှစ်ဖက်အင်အားစု ဒီလိုမျိုးဖြစ်နေတာလည်းကြာနေပြီပေါ့နော။

ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒေသမတူဘူး၊ လူမျိုးမတူဘူးဆိုပေမဲ့လည်း တိုင်းရင်းသားချင်းတူတယ်။ အဖိနှိပ်ခံဘဝနဲ့နေလာခဲ့ကြတဲ့သူတွေ ရင်ဘတ်ချင်းတူတဲ့အတွက် ဘာပဲဖြစ်ဖြစ်သူတို့ကိုလာဝန်းရံတာဖြစ်တယ်။

သူတို့နဲ့အတူတူရှိကြောင်းကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အားအင်ကို လာပြတာဖြစ်ပါတယ်။ ကန့်ကွက်တဲ့သူမှာလည်းအကြောင်းပြချက် ရှိသလိုထောက်ခံတဲ့သူမှာလည်း အကြောင်းပြချက်အသီးသီးရှိကြတာပေါ့နော။

ကျွန်တော်တို့ပြောချင်တာကတော့ သက်ဆိုင်ရာတာဝန်ရှိလုူကြီးတွေပေါ့နော။ သဘောကထောက်ခံပွဲကိုတော့သူတို့က မဖမ်းဘူး၊ မဆီးဘူး၊ ခွင့်ပြုတယ်။

ကန့်ကွက်တဲ့သူကျတော့ ဘာလို့ဖမ်းသလဲဆီးသလဲပေါ့နော။ အဲဒီကတည်းကကျွန်တော်တို့ကတရားမမျှတမှုကို ခံစားရတယ်။

ကန့်ကွက်တဲ့သူဘက်ကိုလည်းတွေ့ဆုံပြီးတော့ ဘာကြောင့်ကန့်ကွက်ရတာလဲ၊ ဘာကြောင့်လက်မခံရလဲဆိုတာကိုသေချာတွေ့ဆုံ ညှိနှိုင်းပြီးတော့မှ အဖြေရှာစေချင်တာပေါ့နော။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုအတင်းအဓမ္မလုပ်တာမျိုးကို လက်မခံဘူးပေါ့။

စောထွန်းထွန်း (တစ်နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားများ မဟာမိတ်အဖွဲ့)

စောထွန်းထွန်း (တစ်နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားများ မဟာမိတ်အဖွဲ့)

ကယားပြည်နယ်မှာရှိတဲ့ လူငယ်ကနေပြီးဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တာမဟုတ်ပါဘူး။ ဆိုတော့ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့အပေါ်မှာ ပွင့်လင်းမြင်သာမှုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရဲ့လုပ်ဆောင်မှုတွေအပေါ်မှာပြည်သူပြည်သားတွေရဲ့ သဘောထားကို အလေးထားပြီးဆောင်ရွက်ဖို့ကိုတောင်းဆိုတဲ့ဟာဖြစ်တယ်။ ဒါကိုကျွန်တော်တို့ လုံးဝလက်ခံပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ဗိုလ်ချုပ်ကြေးရုပ်ဆောက်တာထက် ကယားပြည်နယ်အပါ အဝင်တစ်နိုင်ငံလုံးမှာစိုက်ထူနေတာထက် ဗိုလ်ချုပ်ကနေပြောခဲ့တဲ့ပင်လုံစာချုပ်မှာပါတဲ့ ကတိကဝတ်တွေကိုဖော်ဆောင်နေတဲ့ ဒီနေ့ကရင်နီပြည်မှာရှိတဲ့ပြည်သူတွေအားလုံးရဲ့ ဆန္ဒဖော်ထုတ်မှုကိုကျွန်တော့်အနေနဲ့လုံးဝကိုထောက်ခံပါတယ်။ ဆက်လက်ပြီးတော့ဝန်းရံသွားပါမယ်။

ဆလိုင်းဖိလစ်မွန်ဘင်း(တစ်နိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားများမဟာမိတ်အဖွဲ့)

ပထမတစ်ချက်ကတော့ ဒီကိစ္စကကရင်နီပြည်မှာရှိတဲ့ တိုင်းရင်းသားလူငယ်တွေကလုပ်တဲ့လှုပ်ရှားမှုပွဲလေးဖြစ်တဲ့အတွက် ကျွန်တော်တို့တိုင်းရင်းသားလူငယ်များ မဟာမိတ်အနေနဲ့ကတော့ထောက်ခံတယ်။ ဆက်လက်ဝန်းရံဖို့ရှိတယ်။

ဒုတိယတစ်ချက်အနေနဲ့ဒီတောင်းဆိုထားတဲ့သုံးချက်ပေါ့နော။ ဒီရုပ်တုုဖယ်ရှားရေးကနံပါတ်တစ်၊နံပါတ်နှစ်ကတော့ ဒီရုပ်တုုကိုမဖြစ်မနေ တည်ရမယ်ဆိုရင် လူထုဆန္ဒခံယူပွဲကိုကရင်နီပြည်နယ်မှာပြုလုပ်ပေးဖို့၊ နံပါတ်သုံးတစ်ချက်အနေနဲ့ ဒီဟာကိုမဖြစ်မနေ တည်မယ်ဆိုရင် NLD ရုံးဖြစ်ဖြစ်ပရဟိတဆိုလည်း ပရဟိတရုံးမှာပဲဖြစ်ဖြစ် တည်ထားဖို့ဖြစ်တယ်။

အဲဒီသုံးချက်ကိုကျွန်တော်တို့ကထောက်ခံတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တကယ်လို့ဒီရုပ်တုုကဒီပြည်နယ်သားတွေရဲ့ပိုက်ဆံ၊ အခွန်နဲ့လုပ်ထားတာဖြစ်တဲ့အတွက် တကယ်လို့ဒီဟာကိုအစိုးရဆက်လုပ်တယ်ဆိုရင် ဒီတစ်ပြည်နယ်လုံးမှာရှိတဲ့ပြည်သူအားလုံးကို အခွန်မပေးပါနဲ့၊ဒီအစိုးရကို အခွန်လုံးဝမပေးပါနဲ့လို့ ဒီသုံးချက်နဲ့ပြောချင်ပါတယ်။

spot_img
spot_img

Recent posts