spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းဖို့ ဆန္ဒပြသူ ရာဘာကျည်များဖြင့်ဖြိုခွဲ လူဆယ်ဦးဒဏ်ရာရရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို ပြန်ရုပ်သိမ်းဖို့ ဆန္ဒပြချီတက်ကြတဲ့ လူထုတွေကို ပြည်နယ်အစိုးရက ရာဘာကျည်နဲ့ ပစ်ဖောက်ဖြိုခွဲမှုတွေပြုလုပ်တဲ့အတွက် ဒဏ်ရာတွေတချို့ရရှိသွားကြပါတယ်။

တိုင်းရင်းသားတွေက သူတို့ရဲ့ဌာနေအခွင့်အရေးအတွက် အမျိုးသားဝိသေသလက္ခာဏာကို အမျိုးသားတန်းတူရေးအတွက် တောင်းဆိုနေတာကို အကြမ်းဖက်နိုမ်နှင်းတယ်လို့ ဆန္ဒပြမှုမှာပါဝင်လုပ်ရှားနေတဲ့ အဖွဲ့ခေါင်းဆောင် နော်ဖောဝါးက ပြောပါတယ်။

“ဒီကကောင်းကောင်းမွန်မွန်တောင်းဆိုနေတာကို မပေးဝင်ဘူး။ မပေးဝင်တော့ ဒီကထိုးဖောက်ဝင်လာတဲ့ဟာကို အကြမ်းဖက်ဖြိုခွင်းတယ်။ မီးသတ်ပိုက်နဲ့လည်းထိုးတယ်။ ပြည်သူကတင်မြောက်လိုက်တဲ့အစိုးရက ပြည်သူကို မငဲ့မညာပဲ ပြန်လုပ်တယ်။ “လို့ နော်ဖောဝါးက ပြောပါတယ်။

ဒီနေ့မနက် ဆန္ဒပြ စစ်ကြောင်းလေးကြောင်းဖြစ်တဲ့ (ပန်ကန်း၊ ချိကယ်၊ နာရီစင်၊ မြို ့နယ်စေတီလမ်းကြား)ကနေ လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံထဲကို ချီတက်လာခဲ့ရာ လုံခြုံရေးကနေ လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လမ်းပိတ်ဆိုမှုကိုဖောက်ထွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ထု ကန့်ကွက်သူတွေကို ရာဘာကျည်များဖြင့် ပစ်ဖောက်မှုများရှိနေပြီး နေ့လည်ချိန်အထိ လူနာစာရင်းအရ ၁ဝဦး ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

အခုလို ပြည်နယ်သူ/ပြည်နယ်သားတွေက ငြိမ်းချမ်းစွာနဲ့ အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်နေချိန်မှာ သက်ဆိုင်တဲ့ တာဝန်ရှိသူ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ မီဒီယာတွေသိရအောင် လာရောက်စုဝေးခြင်းပဲဖြစ်တဲ့အတွက် ယခုလိုအကြမ်းဖက်ဖြိုခွဲတာဟာ ဒီမိုကရေစီနည်းမဟုတ်ဘူးလို့ ဆန္ဒပြမှုမှာပါဝင်လုပ်ရှားနေတဲ့ အဖွဲ့ခေါင်းဆောင် ကိုကျော်ထင်အောင်က ပြောပါတယ်။

“ကြိုတင်ပြီးတော့ ရာဘာကျည်တွေ အသုံးပြုခွင့်ပေးထားတာဟာ ဒါသည် ဒီမိုကရေစီနည်းနဲ့မဆိုင်ဘူး။ ညှိနှိုင်းလိုမှုထက် အမိန့်အာဏာကို အလွန်အကျွမ်အသုံးပြုမှုအနေအထားကို လုပ်ဆောင်သွားတာပဲ။ ” လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်ကို အကောင်အထည်အဖော်ဘဲ ရုပ်ထုကိုသာအတင်းအကျပ် စိုက်ထူခဲ့တဲ့အတွက် ကန့်ကွက်နေကြတာဖြစ်တယ်လို့ ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထုတည်တဲ့ ဘတ်ဂျက်ဆိုရင်လည်း ပြည်သူ့ငွေနဲ့ တည်ထားတာဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုရှိဖို့ အစိုးရကို ချပြပေးဖို့ ၊ တာဝန်ယူမှု ၊ တာဝန်ခံမှုရှိဖို့ စတာတွေ ဆန္ဒပြတောင်းဆိုသွားကြပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အစောပိုင်းကတည်းက ပြည်နယ်အစိုးရက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ကရင်နီလူငယ်တချို့ကနေပြီး အကြိမ်ကြိမ် ဆန္ဒပြကန့်ကွက်ခဲ့တဲ့ကြားကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အပြီးသတ် တည်ခဲ့တာဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ယနေ့ ကန့်ကွက်မှုဟာဆိုရင် လူအင်အား ငါးထောင်ကျော်က လာရောက် ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts