spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းအပေါ် ပြည်ပရောက် ကရင်နီလူငယ်တွေ ဘယ်လိုသဘောထား ရှိသလဲ

Author

Date

Category

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းအပေါ် ပြည်ပရောက် ကရင်နီလူငယ်တွေ ဘယ်လိုသဘောထားရှိသလဲဆိုတာကို ကန္တာရဝတီတိုင်း(မ်) သတင်းထောက် ခူးဖရက်ရယ်မှ တွေ့ဆုံမေးမြန်းထားတာကို တင်ပြလိုက်ရပါတယ်။

ပါစကွားလယ်- ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း

ပါစကွားလယ်- ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း
ကျနော်အနေနဲ့ ပထမဆုံးပြောရမယ်ဆိုရင် ကျနော်တော့ လုံးဝကန့်ကွက်တယ်ပေါ့နော် ဗိုလ်ချုပ်ကြေးရုပ်ကို။ ဘာကြောင်းကန့်ကွက်ရလဲဆိုတော့ ကျနော်တို့ ကရင်နီသမိုင်းက ကျနော်တို့ပဲသိတယ်။ အခု လက်ရှိ ဒီဝန်ကြီးတွေ လက်ခံနေတယ်။ တချို ့သော ပြည်သူလူထုတွေ လက်ခံနေတာ ကျနော်တို့ ကရင်နီရဲ ့သမိုင်းကို ခမ်းနားခမ်းနား မသိလို့ သူတို့က လက်ခံတယ်။ ဒါဟာကျနော်တို့ အဆိုးမဆိုပါဘူး။

ဒါပေမဲ ကျနော်တို့ ကရင်နီသမိုင်းကို လက်ခံလို့ ကန့်ကွက်နေတဲ့ လူငယ်တချို ့ကို ဒါတွေ ကျနော်တို့ အနေနဲ့လည်း ထောက်ခံတယ်။ သူတို့ ကန့်ကွက်တယ်ဆိုတာလည်း တကယ်တမ်းလည်း မှန်တယ်။ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ကရင်နီသမိုင်းနဲ့ ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကရင်နီက လုံးဝ ဆက်စပ်မူမရှိဘူးဆိုတာ ကျနော်ပြောချင်တယ်။ ဒါကြောင့်မိုးလို့ ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လုံးဝကန့်ကွက်တယ်။ 

ကြေးရုပ်က ကရင်နီပြည်နယ်မှာ ဆောက်လိုက်ပြီ ဒါပေမဲ့ ကရင်ပြည်သူတွေက နှစ်သက်လားဆိုလဲ မနှစ်သက်ကြဘူး ကန့်ကွက်တယ်။ အဲဒီကန့်ကွက်နေတဲ့ အကြားထဲမှာမှ ဗိုလ်ချုပ်ကြေးရုပ်ကို တည်ဆောက်တယ်။ ပြီးတော့မှ တည်ဆောက်နေတဲ့လူတွေက တကယ်ပဲ ဗိုလ်ချုပ်ကြေးရုုပ်ကို တကယ်ချစ်မြတတ်နိုးလို့ တည်ဆောက်တာလား။

အကယ်လို့ တကယ်ပဲချစ်မြတ်နိုးမယ်ဆိုရင် ကျနော်တို့ သက်တင်ပြစရာ မလိုဘူး။ အဲဒီ ဝန်ကြီးတို့ အိမ်မှာ တကယ်ဗိုလ်ချုပ်ရုပ်ထု တည်ဆောက်ထားလာ။ တည်ရှိထားလာ၊ ပုံရိပ်တွေရှိလားဆိုတာ ကျနော်မေးချင်တယ်။ အကယ်လို့ ခင်ဗျားတို့ ဝန်ကြီးအိမ်မှာ တကယ်ပဲ ဗိုလ်ချုပ်ပုံရိပ်ရှိမယ်ဆိုရင် ကျနော်လည်ခံတယ်။ ခင်ဗျားတို့တည်ဆောက်လို့ရတယ်။

စုသန္ဒလွင်- ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း

စုသန္ဒလွင်- ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း
ကျမတစ်ယောက်နေနဲ့ ဗိုလ်ချုပ်ရုပ်ထု တည်ဆောက်တာနဲ့ ပတ်သက်ပြီး သဘောမတူဘူး။ ဘာကြောင်းလဲဆိုတော့ သူတို့ ပြည်သူလူထုတွေကို အသိမပေးဘူး။ ပြည်သူတွေ ကန့်ကွက်ဆန္ဒပြတဲ့ အကြားထဲက သူတို့တွေ ဆက်လက်ဆောက်တည်နေတယ်ပေါ့နော်။ ကျမတို့ ပြည်ပရောက်နေတဲ့ ကရင်နီလူငယ် တစ်ယောက်အနေနဲ့ ပါဝင်ခွင့်မရတော်မှ အဲဒီဖြစ်စေဟာ သဘောမတူဘူးလို့ ပြောချင်တယ်။

ပြီးတော့ သမိုင်းအရ ပြန်ကြည့်ရမယ်ဆိုရင် ကျမတို့ ကရင်နီပြည်ဟာ လွတ်လပ်တဲ့ ပြည်နယ်ဖြစ်တယ်။ တခြားအပြင်လူတွေက မသိကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင်ဖြစ်တယ်။ ကျမတို့ ကရင်နီပြည်က မြန်မာလွတ်လပ်ရေးမရခင်ကတည်းက လွတ်လပ်ပြီးသားပါ။ အဲကြောင့် ကျမတို့ ကန့်ကွက်တယ်။

မလိုချင်ဘူး။ ကျမတို့ ရွှေးကောက်တင်မြောက်တဲ့ ဝန်ကြီးကလည်း ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကရင်နီပြည်မှာရှိတြံ ပြည်သူတွေအားလုံးအတွက်လည်း ပွင့်လင့် မြင်သာမူရှိဖို့လိုတယ်။ သဘောတူလာ မတူလားဆိုတာကို ကြည့်ပြီး ဆောက်ထူဖို့လိုတယ်။ ဒါဟာ သူရဲ ့သဘောဆနအရ လုပ်တာမျိုးတာဖြစ်တယ်ပေါ့နော်။ အဲကြောင့် သူဟာ ကရင်နီသမိုင်းအကြောင်းကို သေချာမသိပဲ အခုလို လုပ်ခြင်းဖြစ်တယ်လို့ ကျမမြင်တယ်ပေါ့နော်။

ဘဲကော်- ပညာတော်သင် (Chaing Mai University, Thailand)

ဘဲကော်- ပညာတော်သင် (Chaing Mai University, Thailand)

ကျနော်လုံးဝ သဘောမတူပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကရင်နီပြည်နယ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကိုလိုနီခေတ်မတိုင်ခင် ကတည်းက ကို်ယ့်ဘုရင်နဲ့ကိုယ် လွတ်လပ်စွာ အုပ်ချုပ်လာခဲ့တယ်။ ထို့အပြင် အင်္ဂလိပ်ကိုလိုနီခေတ်က ဗာမာပြည်မကို ၁၈၂၄မှာ ဝင်လာတယ်။ ပြီးတော့ ၁၈၇၅မှာ ဗာမာဘုရင်နဲ့ အင်္ဂလိပ်ကိုလိုနီကြား ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်ဖြစ် စာချုပ်အတူချုပ်ဆိုခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ ဗာမာပြည်မကို လွတ်လပ်ရေးရဖို့ သူများနယ်တွေ မဲ့လိုက်ဆွယ်တယ်။ ၁၉၄ရမှာ အောင်ဆန်းခေတ်ပေါ့။ ဘာဖြစ်လဲဆိိုတော Ethnic Minority နယ် လိုက်မပါရင် အင်္ဂလိပ်ထံ လွတ်လပ်ရေးမရဘူး။ ဒါကြောင့် ဥပဒေ ရေးနိုင်ဖို့ သူကရင်နီပြည်မှာ ရောက်လာတယ်။ ဗာမာတစ်ကျပ် တိုင်းရင်းသားတစ်ကျပ်နဲ့ လိုက်ဆွယ်နေတာ။ အဲဒါအပြင် ၁ဝ နှစ်နေတာ မပျော်ရင် ပြန်ခွဲထွက်လို့ရတယ်ဆိုတဲ့ ဟာနဲ့ ငါတို့ ကရင်နီကလည်း သူတို့ကို သနားကျေနာစွာနဲ့ ပါဝင်ပေးတာ။ ဒါကြောင့် သမိုင်းပြန်ကြည့်ရင် ကရင်နီပြည်နဲ့ အောင်ဆန်းဟာ ဘာမှ မပတ်သက်ပါဘူးလေး။ ပြီးတော ရုပ်ထုဆောက်လိုက်ခြင်းဖြစ် ပြည်သူ့အကြား ပွင့်လင့်မြင်သာမူ မရှိတာတွေ၊ မယုံကြည်မူတွေ ဖြစ်လာတဲ့အတွက် အပစ်ခတ်ရပ်ဆဲရေးကို ထိပါးလာစေနိုင်တယ်။

ခူးပလဲရယ်- ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း

ခူးပလဲရယ်- ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း

ဗိုလ်ချုပ်ရုပ်ထု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျနောတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်လုံးဝကန့်ကွက်တယ်။ ဘယ်လိုကန့်ကွက်လဲဆိုတော့ ဘာဖြစ်လဲဆိုရင် သမိုင်းအနေနဲ့ ပြောမယ်ဆိုရင် ကရင်နီပြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်နဲ့ လွတ်လပ်ရေးရတာမဟုတ်ဘူး။ ကျနော်တို့ အရင်တုန်းက စောဖျာစောဘွားတို့က ကျနော်တို့ အင်္ဂလိပ် ဗြိတိန်းလျ ဆီကနေ ရတဲ့လွတ်လပ်ရေး ဖြစ်တဲ့ ကရင်နီပြည်ဖြစ်တယ်။ သူတို့ ဆောက်လိုက်တဲ့ ရည်ရွှယ်ချက်မှာဆိုလို့ရှိရင် ဆိုးကျိုးတွေပဲလာမယ်။ ဥပမာ- ဘယ်လိုမျိုးလဲဆိုလို့ရှိရင် သူတို့ဆောက်ပြီးတဲ့နောက်ပိုင်းမှာ တက်လာတဲ့ ကျနော်တို့ မျိုးဆက်သစ်တွေက သူတို့ကြီးလာပြီဆိုရင် အဲဒီရုပ်ထုကိုတွေ့တာနဲ့ အော်.. ကျနော်တို့ကရင်နီပြည်နယ်က ဗိုလ်ချုပ်အောင်ဆန်းကြောင့်နဲ့ လွတ်လပ်ရေးရတယ်ဆိုတဲ့ အကြောင်းကို သူတို့ တွေးလာမယ်ပေါ့။ သူတို့တွေးလာတော့ အဲဒီချိန်မှာဆိုရင် ကျနော်တို့ ကရင်နီသမိုင်းမှာ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ အဲဒီ သမိုင်းကို သူတို့ မေ့သွားနိုင်တယ်။ ကျနော်တို့ သမိုင်းကို ဖြောင်းချင်တဲ့ ရည်ရွှယ်ချက်နဲ့ အဲဒီဗိုလ်ချုပ် ရုပ်ထုကို ဆောက်တယ်လို့ ကျနော်မြင်တယ်ပေါ့နော်။

မျိုးကို (ခ) သားငယ်- ပညာတော်သင်(Rangsit University, Thailand)

အခုလက်ရှိ ဖြစ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု စိုက်ထူရေးနဲ့ ပတ်သက်ပြီး ကျနော်အနေနဲ့ သဘောမတူဘူး။ ဘာကြောင့်လဲဆိုတော ပထမတစ်ချက်တော့ ငြိမ်းချမ်းရေးကိုတောင် ပြီးသတ်အောင် မလုပ်နိုင်သေးဘဲ အခုလို ကရင်နီပြည်သူတွေ သဘောမတူတဲ့ကြားထဲက အတင်းအဓ္ဓမ လုပ်ဆောင်ခြင်းဟာ ပြည်သူတွေရဲ ့ အသံကို လစ်လျူရူခြင်းဖြစ်တယ်။ ကရင်နီပြည်နယ် တိုးတက်ဖွံ ့ဖြိုးခြင်းကို ရှေ့ဦးစွာ လုပ်ဆောင်သင့်တယ်လို့ ကျနောအနေနဲ့မြင်တယ်ပေါနော်။

ခူးဝီရယ်- အမေရိကန်

ခူးဝီရယ်- အမေရိကန်

ကျနောအနေနဲ့တော့ သဘောမတူဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းဟာ ကျနော်တို့ ကရင်နီပြည်သူနဲ့ ဘာမှမသက်ဆိုင်ဘူး။ ၁၈၇၅ ခုနှစ်မှာ ကျနော်တို့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်ဖြစ်တယ်။ ဗာမာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ ့ စောဖျာစောဘွားလက်အောက်မှာပဲ နေလာခဲ့တယ်။ သူတို့ ကြေးရုပ် တည်ဆောက်ခြင်းရဲ ့ ရည်ရွှယ်ချက်က ကျနော်တို့ ကရင်နီပြည်ကို လာပြီးလွမ်းမိုးချင်တယ်။ ပြီးတော့ ဒီလိုအခြေအနအရဆို လာမယ့် နှစ်ပေါင်း ၃ဝ ကျော်ဆိုရင် ကရင်နီပြည်ဟာ သူများလက်ထဲမှာ ပါသွားမယ်။ ကျနော်တို့ ကရင်နီသမိုင်းအမှန်ကို ဖြောင်းပစ်ချင်တယ်။ ပြီးတော့ တက်လာမယ့် ကျနောတို့ မျိုးဆက်သစ်တွေ သမိုင်းအကြောင်း မေ့ပျောက်နိုင်အောင် ဆိုတဲ့ရည်ရွယ်ချက် သူတို့လုပ်ရခြင်းတယ်။ ကျနော်တို့က ဗာမာပြည် မှာ မွှေးတာမဟုတ်ဘူး။ ဗာမာတွေကကျနော်တို့ ကရင်နီပြည်ကို လာမွှေးတာ။

spot_img
spot_img

Recent posts