spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ရှောင်ပြည်သူများ ဦးတည်ရာမဲ့နေဖြစ်နေကြရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို ဒီကနေ့ မနက် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုခံရပြီးနောက် စစ်ရှောင်ပြည်သူတွေ ထပ်မံစစ်ရှောင်ဖို့အတွက် ဦးတည်ရာမဲ့ ဖြစ်နေကြရပါတယ်။

“ ဘယ်ကိုသွားရမှန်းမသိ ဦးတည်ရာမဲ့ကုန်ပြီ အနီးအနားက စစ်ရှောင်တွေလည်းမနေရဲကြတော့ဘူး။ ဘယ်နေရာမှမလုံခြုံတော့ဘူး ပြေးစရာနေရာလည်းမရှိတော့ဘူး ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။”လို့ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်ကူညီ စောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၆ ထောင်ကျော်ရှိပြီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၂၀၀ကျော်နေထိုင်တာဖြစ်ပြီး လက်ရှိမှာ မနေရဲကြတော့တဲ့အတွက် ထပ်မံရွေ့ပြောင်းနေကြတယ်လို့ဆိုပါတယ်။

“ကြောက်လန့်စိတ်နဲ့ဦးတည်ရာမဲ့တွေဖြစ်ကုန်ပြီ လေယာဉ်နဲ့ထပ်ကြဲမယ်ဆိုရင်တော့ မတွေးဝံ့စရာပဲ။ လေယာဉ်နဲ့ဗုံးထပ်မကြဲတော့ဖို့ တောင်းဆိုပေးကြပါ။” လို့ သူကဆက်ပြောပါတယ်။

ဒီမနက်အစောပိုင်း မနက် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဗုံကျဲတိုက်ခိုက်ခဲ့စဉ် အမျိုးသမီးငယ်နှစ်ဦးဖြစ်ကြတဲ့ အသက်၁၂နှစ်အရွယ်တစ်ဦး၊ ၁၅နှစ်အရွယ်တစ်ဦးနဲ့ ၅၂နှစ်အရွယ်အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့အားလုံးက မိုဆိုကျေးရွာကနေ စစ်ဘေးရှောင်ကြသူတွေဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်စခန်းရှိရာနေရာကို လေကြောင်းသုံးတိုက်ခိုက်တာပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဖက် စစ်ရှောင်အများစုရှိတဲ့ နန်းမယ်ခုံမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပရဟိတလူငယ် ၃ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၂ခုနှစ်ဇန်နဝါရီလအစောပိုင်းကစပြီး ဒီးမော့ဆို၊ လွိုင်ကော် တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်က မြေပြင်တိုက်ခိုက်မှုအပြင် လေကြောင်းသုံးပြီးတိုက်ခိုက်တဲ့အတွက် လွိုင်ကော်မြို့အပါအဝင် မြို့နယ်အသီးသီးက စစ်ဘေးရှောင်ဦးရေ တစ်သိန်းခုနှစ်သောင်းထိရှိနေပြီလို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ( KSCC ) က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောဆိုထားပါတယ်။

ဇန်နဝါနဝါရီလ ပထမပတ်ကနေစပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ လက်နက်ကြီးတွေ အလုံးအရင်း ပစ်ခတ်နေမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှု ၁၅ ယောက်အထိ ရှိနေပြီဖြစ်ပါတယ်။

“၎င်းလုပ်ရပ်သည် လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်သည်သာမက သက်ရှိကမ္ဘာ့လူသားမျိုးနွယ်များကို မထီမဲ့ပြင်ပြုလုပ်ရာရောက်ပေသည်။ ဤလုပ်ရပ်သည် လူသားမျိုးနွယ်အတွက် ပြန်ပေးဆပ်ရပါလိမ့်မည်။”လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-04) ကထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts