spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဘိန်းစိုက်တောင်သူတွေရဲ့ တင်ပြချက်တွေကို လစ်လျူမရှုသင့်ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဘိန်းစိုက်တောင်သူတွေဟာ သူတို့ရဲ့တင်ပြချက်တွေကို ဒီမိုကရေစီစနစ်မှာ လစ်လျူရှုထားလို့မရပါဘူးလို့ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ လွှတ်တော်ထဲမှာ ပြောဆိုသွားပါတယ်။

မေလ ၁ရ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့မှာ ဘိန်းအစားထိုးစီမံကိန်းတွေကို စနစ်တကျပြုလုပ်ဖို့ တိုက်တွန်းဆွေးနွေးတင်ပြသွားတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဘိန်းအစားထိုး စီမံကိန်းတွေ မအောင်မြင်ရခြင်းအကြောင်းအရာတွေကို ထောက်ပြဝေဖန်သုံးသပ်သွားကြပြီး တိုက်တွန်းဆွေးနွေးတင်ပြသွားခဲ့ကြတာဖြစ်ပါတယ်။

ဦးဒေါ်ခင်နှင်းသစ်၊ ပန်းတောင်း မဲဆန္ဒနယ်က တင်သွင်းတဲ့ မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာဒေသများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်အတွက် အစိုးရပူးပေါင်းဆောင်ရွက်မှုဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်းအစားထိုး စီမံကိန်းများ စနစ်တက ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဘိန်းစိုက်တောင်သူတွေဟာ သူတို့ရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို အချင်းချင်း တွေ့ဆုံအဖြေရှာဖို့ မေလ ၈ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ ဖယ်ခုံမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ညီလာခံ တရပ် ကျင်းပပြုလုပ်သွားခဲ့ကြပါတယ်။

ဘိန်းစိုက်တောင်သူတွေဟာ ဝေးလံခေါင်ဖျားတဲ့ တောင်တန်းကုန်းမြင့်ဒေသတွေမှာ နေထိုင်ကြတဲ့ လက်လုပ်လက်စားတောင်သူတွေဖြစ်ကြပြီးတော့ သူတို့မိသားစုတွေရဲ့ ပညာရေး ၊ ကျန်းမာရေးကို ထောက်ပံ့နိုင်တဲ့ ဝင်ငွေက ဘိန်းကို စိုက်ပျိုးရခြင်းဖြစ်ပါတယ်။ အဓိက ဆင်းရဲနွမ်းပါးရဖြင်းဖြစ်တယ်။

သူတို့တွေဟာ တခြားသီးနှံတွေ စိုက်ပျိုးလိုတဲ့ ဆန္ဒတွေရှိနေပေမယ်လို့ လက်တွေ့မလုပ်နိုင်တဲ့ အခက်အခဲတွေအများကြီးရှိနေကြပါတယ်။ ပထမအချက်အနေနဲ့ တရားဝင် သီးနှံဈေးကွက်မရှိသလို၊ ကုန်စည် နှုန်းထားတွေလည်း တည်ငြိမ်ခိုင်မာမှု မရှိတာတွေကြောင့်ဖြစ်တယ်လို့ တောင်သူတွေက ညီလာခံမှာ ဆွေးနွေးသွားကြပါတယ်။

သူတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့အထိ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခဒဏ်သင့် နယ်မြေဒေသတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ လက်နက်ကို ပဋိပက္ခဟာ ဘိန်းစိုက်ပျိုးဖို့ နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့ မောင်းနှင်အားတွေထဲက အဓိက အကျဆုံးဖြစ်ပါတယ်လို့ ဆိုကြပါတယ်။

ငြိမ်းချမ်းမှုမရှိသမျှ ကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှုရှိလာမည် မဟုတ်သဖြင့် ဘိန်းကို ဆက်လက်စိုက်ပျိုးနေရဦးမည်သာဖြစ်တယ်လို့ ဘိန်းစိုက်တောင်သူတွေရဲ့ ညီလာခံကနေ သဘောထားတွေကို ဒေါက်တာခင်စည်သူက လွှတ်တော်ထဲမှာ တင်ပြပေးသွားခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ ဘိန်းစိုက်ပျိုးခြင်းဟာဆိုလို့ရှိရင် ၁ဝ ရာခိုင်နှုန်းလျော့ကျဆင်းသွားတယ်ဆိုတာ ဘိန်းခင်းဖျက်ဆီးတဲ့ စီမံကိန်းတွေကြောင့်မဟုတ်ပဲ ဘိန်းဈေးတွေကျလာရခြင်းကြောင့် ဖြစ်တယ်လို့တောင်သူတွေက ပြောဆိုနေကြပါတယ်။

အစိုးရနှင့် အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်မှုပိုမို တင်းကျပ်လာတဲ့အတွက် ဘိန်းကုန်သည်တွေ ပိုမိုနည်းလာခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းက ဘိန်းဈေးကွကို လက်ဝါးကြီးအုပ်လိုခြင်း၊ ၎င်းတို့နှင့် ချိတ်ဆက်မှုရှိတဲ့ ကုန်သည်တွေကိုသာ ဘိန်းဝယ်ယူရောင်းချခွင့်ပေးထားတာဖြစ်တယ်လို့ ဘိန်းစိုက်တောင်သူတွေက ဆိုထားကြပါတယ်။

Advertisement

ဘိန်းဈေးတွေကျနေတယ်ဆိုပေမယ့်လည်း တောင်သူတွေအတွက် ဘဝနေထိုင်ရေးအတွက် စီးပွားရေးတွက်ခြေအကိုက်ဆုံးသီးနှံက ဘိန်းပင်ပဲဖြစ်နေဆဲဖြစ်ပါတယ်။ အစိုးရက ဘိန်းဖျက်တဲ့ စီမံကိန်းကိုဆိုရင်လည်း နှစ်တိုင်းမှာ ဘိန်းထွက်တဲ့ရာသီရောက်တိုင်း လိုက်လံဖျက်ဆီးတာတွေ့ရတယ်။

“အဲဒါက သူတို့ ပိုက်ဆံရခါနီးမှာ ထမင်းစားလို့ ထမင်းလုပ် ပါးစပ်ထဲရောက်ခါနီးမှာ ပုတ်ချလိုက် သလိုပဲ သူတို့စိတ်ဆိုးတာထက် သူတို့စိတ်နာတာမျိုးမဖြစ်အောင် သတိထားရမယ်။” လို့ ဒေါက်တာခင်စည်သူက လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

အစိုးရဟာ ဘိန်းအစားထိုးစိုက်ပျိုးရေုးလုပ်ငန်းကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်ခဲ့သော်လည်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဥပဒေအရခွင့်ပြုတဲ့ စီးပွားရေးလုပ်ငန်း ၊ သီးနှံစိုက်ခင်း ဈေးကွက်ဝင်ဖို့ နဲ့ ဘိန်းစိုက်တောင်သူတွေလိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အမျိုးသားစီမံချက်များ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ လိုအပ်ပါတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း က လွှတ်တော်မှာ ပြောပါတယ်။

“အစိုးရဟာ ရှမ်းပြည်နယ်တွင်းက မြို့နယ်တချို့မှာ ဘိန်းအစားထိုးသီးနှံအကောင်အထည်ဖော်ခဲ့ပေမယ့် ထိရောက်အောင်မြင်မှုနည်းခဲ့ပါတယ်။ မြို့နယ် ၅၁ မြို့နယ်မှာ ဘိန်းစိုက်ပျိုးနေပြီး ရှမ်းပြည်နယ်ဟာ တနိုင်ငံလုံးရဲ့ ၉ဝ ရာခိုင်းနှုန်းအများဆုံးဖြစ်ပါတယ်။” လို့ ပြောဆိုတင်ပြသွားပါတယ်။

ဒါကြောင့် အစိုးရသမက ပုဂ္ဂုလိကတွေကို ဖိတ်ခေါ်ပြီး ဘိန်းအစားထိုးသီးနှံစီမံကိန်းသာမက ဘိန်းစိုက်တောင်သူတွေရဲ့ လူမှုရေး မြင့်မားလာအောင် မြင့်တင်ပေးတာတွေ ဥပဒေစိုးမိုးမှုတွေမြင့်မားအောင်နဲ့ ငြိမ်းချမ်းလာမယ်ဆိုရင် တဖြည်းဖြည်း ပပျောက်သွားမှာပါလို့ ပြောသွားပါတယ်။

“ဘိန်းအစားထိုးသီးနှံတွေကို နိုင်ငံတော်က ထောက်ပံ့ခဲ့ပေမယ့်လို့ အဲဒီသီးနှံတွေကို သိုလှောင်ထားရှိဖို့ ခက်ခဲတာတွေ၊ သယ်ယူဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေ၊ ဈေးကွက် ပျောက်နေတဲ့အတွက်အကြောင့်မို့ ဘိန်းစိုက်ပျိုးတောင်သူတွေက ဘိန်းအစားထိုးသီးနှံတွေ မစိုက်ချင်ကြပါဘူူး။” လို့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်က တင်ပြဆွေးနွေးသွားပါတယ်။

နိုင်ငံတော်က ဘိန်းစိုက်ခင်းတွေကို လိုက်ဖျက်တာတွေကို ပြန်လည်သုံးသပ်သင့်ပြီး ဘိန်းအစားထိုးသီးနှံတွေက ထွက်ရှိလာတဲ့ သီးနှံတွေ ဈေးကွက်ဖန်တီးပေးတာတွေ၊ သယ်ယူပို့ဆောင်ဖို့ ကူညီပေးတာတွေ၊ အထူးစီမံချက်ဖော်ဆောင်သင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ပြောဆိုသုံးသပ်သွားကြပါတယ်။

spot_img
spot_img

Recent posts