spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဘိလပ်မြေစက်ရုံတည်​​ဆောက်​​ရေး လူထုဆန္ဒကို ပြန်လည်ကောက်ခံရန် ​ဒေသခံနှင်​့ အဖွဲ့အစည်းများက ​တောင်းဆို

Author

Date

Category

ထျိုးမြာ

လွိုင်ကော်တွင်​ တည်ဆောက်​ရန်​ လျာထား​သော တစ်ရက်​ တန်၄၀၀ဝ ကျ ဘိလပ်မြေစက်ရုံစီမံကိန်းအတွက်​ လူထုဆန္ဒကို တစ်ဖန်ပြန်လည်ကောက်ယူရန်​ အရပ်​ဘက်​နှင်​့ နိုင်​ငံ​ရေးအင်​အားစုအသီးသီးက ​တောင်းဆိုလိုက်သည်။

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်၊ ပကြဲတောင်သုံးလုံးဒေသတွင် တည်ဆောက်​ရန်​လျာထား​သော အဆိုပါ ဘိလပ်​​မြေစက်​ရုံအတွက်​ မူလက ​ကောက်​ခံခဲ့​သော ဆန္ဒသ​ဘောထားများသည်​ ပွင်​့လင်​းမြင်​သာမှု မရှိ​ခဲ့​ကြောင်​း လူမှုအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအင်အားစုအဖွဲ့အစည်းများက ​ဝေဖန်​နေခြင်​း ဖြစ်​သည်​။

ဩဂုတ်​လ ၁၄ ရက်​​နေ့က လွိုင်ကော်မြို့ရှိ လွိုင်ကော်စီးတီးစားသောက်ဆိုင်တွင် ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလီမိတက်မှ ကယားပြည်နယ်ရှိ လူမှုအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအင်အားစုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ စီမံကိန်​းသည်​ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကြရာတွင် သဘောတူညီထားကြသောအချက်များကို ချိုးဖောက်ရန်ရောက်နိုင်သည့်အပြင် ဩဂုတ်လ (၁၄)ရက်နေ့ KNPP နှင့် ပြည်နယ်အစိုးရတို့တွေ့ဆုံချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်က ဤစီမံကိန်းသည် လူထုသဘောတူမှသာ ဆောက်လုပ်​မည့် စီမံကိန်းသာဖြစ်ကြောင်းလည်း မိမိအား​ပြောကြားခဲ့သည်​ဟု KNPP ဆက်ဆံရေးရုံး(လွိုင်​​ကော်​) ဆက်​ဆံ​ရေးတာဝန်ခံ ခူညေးရယ်က ပြောသည်။

ဩဂုတ်လ ၁၅ရက်နေ့ တွင် သက်ဆိုင်ရာ ကုမ္မဏီနှင့်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများတွေ့ဆုံစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

“KNPP နဲ့ အစိုးရတို့ သဘောတူညီချက်ထဲမှာလည်း နိုင်ငံရေးဆွေးနွေးနေစဉ်ကာလအတွင်း မပြေလည်မချင်းကတော့ အဲ့လို ပရောဂျက်ကြီးတွေ ရပ်​တန့်ထားဖို့ ရပ်ဆိုင်​းထားဖို့ အဲ့လိုသဘောတူညီချက်လဲပါပါတယ်။ နောက်ပြီးတော့မှ တချို့ဒေသဖွံ့ဖြိုးလုပ်ငန်​း​တွေလုပ်မယ်ဆိုရင် ကျနော်တို့ညှိနှိုင်းဆောင်ရွက်ဖို့ အဲ့လိုအချက်တွေလည်း သဘောတူထားတာရှိပါတယ်။ မနေ့က ကျနော်တို့ ပြည်နယ်အစိုးရနဲ့ တွေ့ပါတယ်။ တွေ့တော့ ဒီကိစ္စကိုကျနော်တို့မေးကြည့်တော့ ဝန်ကြီးချုပ်က ဒါက လူထုဆန္ဒတွေရှိသေးတယ်တဲ့ နောက်ထပ်လူထုဆန္ဒတွေခံယူမယ် လူထုတွေကိုချပြရမယ်။ လူထုတွေ သဘောတူမှသာ ​ဆောက်လုပ်မဲ့ အခြေအနေမျိုးဖြစ်ပါတယ်တဲ့။ အဲ့လိုပြောတယ် ။ ဆိုတော့ စက်ရုံလုပ်ဖို့က ကျေးရွာတစ်ခုတည်းနဲ့ မဆိုင်ဘူး။ လွိုင်ကော်​တစ်မြို့လုံနဲ့ ဆိုင်တယ်ဆိုတော့ ၊ အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် တစ်ပြည်နယ်လုံးလူထုဆန္ဒခံယူပွဲ တစ်ရပ်လုပ်နိုင်မှသာ အဖြေထွက်နိုင်မှာဖြစ်ပါတယ်။ ဆိုတော့ အများမြင်သာတဲ့ ဆန္ဒပွဲတစ်ရပ်ပြန်လုပ်ဖို့လိုအပ်တယ်လို့ တိုက်တွန်းလိုပါတယ်”ဟု ခူးညေးရယ်က ​ဆွေးနွေးပွဲတွင်​ အကြံပြုထားသည်။

ထို့အပြင် တွေ့ဆုံပွဲအပြီး ညနေပိုင်းတွင် တက်ရောက်ဆွေးနွေးသော လူမှုအသင်းအဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများအားလုံးက စက်ရုံတည်ဆောက်မည့် စီမံကိန်းအပေါ် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

ထုတ်ပြန်စာတွင် ကုမ္ပဏီ၏ ရှင်းလင်းမှုတွင် EIA , SIAနှင့် CSR အပိုင်းတွင် အသေးစိတ်ရှင်းလင်းမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရက လက်မှတ်ထိုးပြီး ကယားပြည်နယ်အတွင်း ဖွဲ့စည်းထားသည့် EITI အဖွဲ့နှင့် သဘောထားရယူမှုမရှိခြင်းနှင်​့ ကယားပြည်နယ်၏ ငြိမ်းချမ်းရေးသဘောတူညီမှုအနက် KNPP နှင်​့ အစိုးရကြား စာချုပ်တွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုကာလတွင် မည့်သည့်ရင်းနှီးမြုပ်နှံမှုကြီးများကိုမှ မပြုလုပ်ရန် သဘောတူထားသည့်အချက်ကို ချိူးဖောက်ရာ​ရောက်ကြောင်း ထုတ်​ပြန်​ချက်​တွင်​ ပါရှိသည်။

စက်ရုံတည်ဆောက်ရာတွင် နည်းပညာအသစ်များကို ကယားပြည်နယ်နှင့် အဓိကမိတ်ဆက်ပေးချင်ကြောင်း ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုတွင် တတ်အားတမျှပါဝင်ချင်သည့်အပြင် နိုင်ငံတော်၏တိုးတက်မှုတွင် ပါဝင်ချင်ကြောင်းကို အဓိကချပြချင်ကြောင်း ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလီမိတက် ( SPG- Square power group company limited )မှ Operation director သက်မောင်ဦးက ကန္တာရဝတီတိုင်​း(မ်​)သို့ ​ပြောသည်။

“ဒါကိုဘယ်လိုသဘောထားရှိလဲဆိုတာကို ရိုးရိုး​လေး တင်ပြတာပါ။ များသောအားဖြင့် တင်ပြတဲ့သူတွေရဲ့ သဘောထားကတော့ ပြည်သူလူထုကို ချပြတာ​ပေါ့။ ကျနော်တို့ ချပြမှာပါ။ ကျနော်တို့ ကိုယ့်ဟာကိုလုပ်မှာမဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရကလည်း လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကယားပြည်နယ် ဝန်ကြီးအဖွဲ့ရုံးကတော့ ၂၅ ရက်နေ့ မှာ ပြည်သူလူထုနဲ ့တွေ့ဆုံပွဲကို လွိုင်ကော်မြို့နယ်ခန်းမ(သို့) ပြည်နယ်ခန်းမမှာ လုပ်ဖို့ လုပ်ထားပါတယ်။ အစိုးရက သတ်မှတ်ပေးထားပါတယ်။ ပြည်သူလူထုက သဘောတူမှ အိုကေမှ ပြည်နယ်အစိုးရကခွင့်ပြုမှာပါ။”ဟု ဦးသက်မောင်ဦးက ​ပြောသည်။

ကုမ္ပဏီ၏ အဆိုအရ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု​ကော်မရှင်မှ ၈-၁၁-၂၀၁၁ ရက်စွဲဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပကြဲဒေသတွင် တစ်နေ့တန် ၄၀၀ဝကျ ဘိလပ်မြေစက်ရုံရင်းနှီမြှပ်​နှံ တည်ထောင်ခွင့်ပြုခဲ့ပြီး အဆိုပါ ဒေသရှိ ဘိလပ်မြေသုံး ထုံးကျောက် သတ္တုသိုက်အား၊ သတ္တတွင်းဝန်ကြီးဌာန၊ ဘဓရ၏ ၇-၁၂-၂၀၀၈ နေ့စွဲပါ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာအရ သတ်မှတ်ဆောင်ရွက်ရန်ခွင့်ပြုခဲ့ခြင်​း ဖြစ်​သည်။

ယခင်​ ကယားပြည်နယ်အစိုးရမှ ၁၁-၁၁-၂၀၁၁ ရက်စွဲဖြင့် လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့ကာ ချိကယ်ကျေးရွာအုပ်စု (၁၀) စုမှလည်း ထောက်ခံမဲ (၅၀၄) မဲ ကန့်ကွက်မဲ (၁၉၂)မဲဖြင့် သဘောတူခဲ့​ကြောင်​း ကုမ္ပဏီက ဆိုသည်။

အဆိုပါ စက်ရုံစီမံကိန်းတည်ထောင်ရန်အတွက် ပကြဲတောင်သုံးလုံးဒေသတွင် စက်ရုံတည်ဆောက်ရန် မြေဧက (၉၈.၀၉) နှင့် ထုံးကျောက် ထုတ်လုပ်ရန် မြေဧက (၂၉၁.၈၀) ကို သတ်မှတ်လျာထားပြီး အဆိုပါ မြေယာများရှိ တောင်သူများ၏ တောင်ယာမြေများအား တောင်ယာလျော်ကြေး နှင့် တောင်ယာရွှေ့ပြောင်းစရိတ်များကို ( ၁၇.၁၂.၂၀၁၃) နေ့တွင် အပြီးပေးအပ်ခဲ့ပြီး ဖြစ်​ကြောင်​း ကုမ္ပဏီက ​ပြောသည်။

spot_img
spot_img

Recent posts