spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဘီယာကျေးရွာ စာသင်ကျောင်းဆောင်အလုံအလောက်မရှိသေး

Author

Date

Category

အန်ထော်နီ


ဖရူမြို့နယ် အနောက်ဘက်ခြမ်း ဘီယာကျေးရွာမှာရှိတဲ့ နှစ်စဉ်ပျှမ်းမျှကျောင်းသား/ သူ ပေါင်း ၄၀၀ နီးပါးရှိပြီး စာသင်ခန်း ၃ ခန်းသာရှိတဲ့အတွက် စာသင်တဲ့အချိန်မှာ အခက်အခဲဖြစ်တယ်လို့ ဘီယာကျေးရွာ ဆယ်အိမ်မှူး ဦးဂျိုဝါးနီ ကပြောပါတယ်။

ဘီယာကျေးရွာက မူလွန်ကျောင်းဖြစ်ပေမယ့် သတ္တမတန်းအထိ ဖွင့်ထားတဲ့အတွက် စာသင်ခန်းတစ်ခန်းကို ၃ ခန်းဖွဲ့ပြီးသင်ခဲ့ရတယ်လို့် ပြောပါတယ်။

“ အဲ့တာကို ဖြစ်နိုင်ရင် နိုင်ငံတော်ကို နောက်ထပ်တစ်လုံး ထပ်ပေးစေချင်တယ် ဘာဖြစ်လို့လဲဆိုတော့ မူလွန်ကျောင်းဆိုတာ သတ္တမတန်းအထိတော့ဖွင့်နေပါတယ် အခန်းက သုံးခန်းတည်းဆိုတော့ ကျနော်တို့ တစ်ခန်းကို သုံးခန်းပြန်ခွဲတော့ တအားကျဉ်းတယ်။ ရုံးခန်းတစ်ခန်းရယ်၊ ခုနှစ်တန်းတစ်ခန်းရယ်၊ ခြောက်တန်းတစ်ခန်းရယ် ကျနော်တို့တွဲပြီးတော့ အဲ့တစ်ခန်းတည်းကို သုံးခန်းကျနော်တို့ပြန်လုပ်နေရတဲ့ ဘဝရောက်နေတယ်။” ဦးဂျိုဝါးနီ ကပြောပါတယ်။

ဘီယာကျေးရွာမှရှိတဲ့ မူ/လွန်ကျောင်းကို မြင်တွေ့ရစဉ်၊ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ဒါ့အပြင် ကျောင်းဆရာ/မ များတွေလည်း လိုအပ်နေပြီး ဝန်ထမ်းအိမ်ယာအတွက် ကိုယ်ထူကိုယ်ထ ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်ထားပေမယ့် လုံလောက်မှုမရှိသေးတဲ့အတွက် ကျေးရွာအတွင်းရှိနေအိမ်တွေမှာပဲ စီစဉ်ပေးရတယ်လို့ဆိုပါတယ်။

ဦးသဲရယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကလည်း ဘီယာကျေးရွာတွင်ကျောင်းဆောင်သစ်တစ်ဆောင် တိုးချဲ့တည်ဆောက်ပေးရန်ရှိမရှိ အောက်တိုဘာလ ၁၅ ရက်နေ့က လွတ်တော်ထဲ ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ပေမယ့် ခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

“ ဘီယာကျေးရွာပေါနော အဲ့ရွာက လူဦးရေ အိမ်ခြေလည်းများတယ် နောက်ပြီးတော့ ကျောင်းဆောင်ကလည်း တစ်ဆောင်ပဲရှိတယ်လို့ကြားတယ်ပေါ့နော်။ အဲ့တာ ကျေးရွာလူငယ်တွေကပြောပြတယ်ပေါ့ သူတို့အနေနဲ့ကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ စာသင်ကျောင်းကို တည်ဆောက်စေချင်တယ်ပေါ့။” သူကဆက်ပြောပါတယ်။

ကျေးရွာရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရဝန်ကြီးများမှ လာရောက်ကွင်းဆင်းစစ်ဆေးမှု မရှိသလောက်ရှားတယ် လို့လည်းသိရပါတယ်။

“ကျနော်တို့လွတ်တော်ကိုယ်စားလှယ်ကတော့ ဒီရွာမှာ တော်တော်နဲ့သိပ်မလာဘူးခဗျ။ အရင်ကျောင်းတစ်လုံးဆောက်တာတော့ ရှိတယ် သူတို့လာစစ်သေးတယ်တစ်ခါ ကျန်တဲ့အချိန်ကတော့မလာဘူး။ လာစရာမှမရှိတာ သူကလုပ်ငန်းမှမရှိတာ။” လို့ ဦးဂျိုဝါးနီကပြောပါတယ်။

ဟိုယာကျေးရွာရှိ ဒေသခံများသည် တောင်ယာလုပ်ငန်းအပြင် အခြားသောစီးပွားရေးလုပ်ငန်း မလုပ်ကိုင်တဲ့အတွက် ဝင်ငွေနည်းပါးတယ်လို့ သိရပါတယ်။

သားသမီးများရဲ့ ပညာရေးအတွက် မြို့ပေါ်အထိကျောင်းမထားနိုင်ကြပဲ ဟိုယာဘုန်းတော်ကြီးကျောင်းမှ တစ်ဆင့် အထက်တန်းပညာကို သင်ကြားစေတယ်လို့ သိရပါတယ်။

ဘီယာကျေးရွာရဲ့ ပညာရေးဖွံဖြိုးတိုးတက်စေဖို့အတွက် ကျေးရွာလူငယ်များက ကိုယ်ထူကိုယ်ထမူကြိုကျောင်းများ ဆောက်လုပ်ဖို့လည်းလျာထားတယ်လို့ သိရပါတယ်။

ဘီယာကျေးရွာတွင် အိမ်ခြေ ၁၂၀ နှင့် လူဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိပြီး အဓိက တောင်ယာ၊ လယ်ယာ လုပ်ငန်းကို လုပ်ကိုင်စားသောက်ကြတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာဆို ကျောင်းမလုံလောက်တဲ့ရွာတွေကတော့ ကိုယ်ထူကိုယ်ထကျောင်း လောပလျားလဲရွာ ၊ အလယ်တန်းကျောင်းခွဲ ခါးဘယ်ရွာ ၊ အ.မ.က စောပလိခိုရွာ ၊ မူ/လွန် ဘီယာရွာ၊ မူ/လွန် ထိုခွီဆိုရွာ ၊ အ.မ.က ခေါလေရွာ၊ မူလွန် ဖာဝယ်ရွာ၊ မူ/လွန် ထေခိုရွာ၊ အ.မ.က ကေသဲဒိုး ၊ အ.မ.က ထီးသောတနေးကူးရွာ၊ အ.မ.က ဒေါကူလဲရွာ၊ အ.မ.ကခွဲ ဆောလယ်ရွာ၊ အ.မ.ကခွဲ ရိုစပရားရွာဟောင်း ၊ အ.မ.က သိုသီးဖိုရွာ ၊ မူ/လွန် ပလဲလယ်ရွာ၊ အ.မ.က ဒိုးပရယ်ရွာ၊ အ.မ.က ဒိုးမူခေါရွာ၊ အ.မ.က ပလိုဒေးခိုရွာ၊ အ.မ.က ယိုပရားရွာ၊ အ.မ.က လောဂျာရွာ၊ အ.မ.က လောကျေခူရွာ၊ အ.မ.က ဒေါလောခူရွာ စတဲ့မူလတန်းကျောင်းတော်တော်များများ ကျောင်းဆောင်တွေလိုအပ်နေပါသေးတယ်လို့ ဖရူဆိုမြို့ ပညာရေးမှူးရုံးကနေတဆင့်သိရပါတယ်။

spot_img
spot_img

Recent posts