spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ဘီလူးချောင်းတလျှောက် အပျော်စီးစက်လှေဖြင့် လည်ပတ်နိုင်ရန် စီစဉ်မည်

Author

Date

Category

လင်းသန့်

အပျော်စီးစက်လှေဖြင့် ဘီလူးချောင်းတလျှောက် လည်ပတ်နိုင်မည့် အစီအစဉ်ကို ၂၀၁၈ မတိုင်ခင် အကောင်အထည်ဖေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖေါ်မည့် ယင်းအစီအစဉ်သည် ပြည်နယ်သို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများကို အဓိကဆွဲဆောင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးဌာန(လွိုင်ကော်)က ရည်ရွယ်နေခြင်းဖြစ်သည်။

လွိုင်ကော်မြို့အလည်မှ ဖြတ်သန်းစီးဆင်းသော ဘီလူးချောင်းပေါ် ပြေဆွဲမည့် အပျော်စီးစက်လှေတွင် ရိုးရာတူရိယာတီးမှုတ်ဖျော်ဖြေပေးမည့် အစီအစဉ်နှင့် ဘူးဖေးစနစ်ညစာကို ဝန်ဆောင်မှုပေးရရန်လည်း စီစဉ်ထားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးဌာန(လွိုင်ကော်)ရုံး ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“မကြာခင်မှာ အကောင်ထည်ဖော်တော့မှာပါ။ ကျတော်တို့ ပြည်နယ်အစိုးရကို တင်ပြထားပါတယ်။ အဲ့ဟာလေးကလည်း မကြာခင် ကောင်ထည်ဖော်ပြီးတော့ ကျတော်တို့က ဒါဘာကြောင့်အကောင်ထည်ဖော် ရတာလည်း ကျတော်တို့က ကယားပြည်နယ်လာရင် တစ်ညအိပ်သုံးရက်လောက်ပဲ ဧည့်သည်တွေက ပြန်ကြတယ်။ အဲ့ဒါ ကျတော်တို့က ညဘက်မှာ လည်စရာမရှိဘူး လွိုင်ကော်မြို့မှာ။ အဲ့ကြောင့်မိုလို့ ကျတော်တို့က ဧည့်သည်တွင် လွိုင်ကော်မြို့မှာ နောက်ထပ်တစ်ညအိပ်အောင် ပေါ့နော။ ပြီးလို့ရှိရင် ညဘက်မှာ လွိုင်ကော်မြို့ရဲ့အလှပခံစားနိုင်အောင်။”ဟု ဦးလင်းဇော်ထွဋ်က ပြောကြားသည်။

လွိုင်ကော်မြို့နှင့် ဘီလူးချောင်းကို ဝေဟင်မှ မြင်တွေ့ရစဉ် (ဓါတ်ပုံ – စိုင်းလင်းလင်းဦး)

ထို့အပြင် ဘီလူးချောင်းအနီး လွိုင်ကော်ရုပ်ရှင်ရုံဟောင်းနေရာတွင် ညဈေးတန်းတစ်ခုကိုလည်း တပါးတည်းထည့်သွင်း အကောင်အထည်ဖေါ်သွားရန်လည်း ပြည်နယ်အစိုးရထံသို့ အဆိုပြုထားကြောင်း ဦးလင်းဇော်ထွဋ်က ဆိုသည်။

အဆိုပါ အပျော်စီးစက်လှေအစီအစဉ်နှင့် ညဈေးတန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လုပ်ငန်းလိုင်စင်များဖြင့် လုပ်ကိုင်စေမည်ဖြစ်သည်။

ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် ချိတ်ဆက်သော နိုင်ငံခြားသားခရီးသွားအများစုက ရပ်ရွာအခြေပြုခရီးသွားအစီအစဉ်များကို သဘောကျနှစ်ခြိုက်လေ့ရှိပြီ အပျော်စီးစက်လှေအစီအစဉ်နှင့် ညဈေးတန်းများကိုပါ ထည့်သွင်းလုပ်ဆောင်နိုင်ပါက ခရီးသွားလုပ်ငန်းအတွက် အထောက်အပံ့ဖြစ်မည့် အစီအစဉ်တစ်ခု ဖြစ်လာနိုင်သည်ဟု 9 Generation Force ခရီးသွားလုပ်ငန်းကုမ္ပဏီ၏ ဒါရိုက်တာ ကိုနေမိုးအောင်က ပြောသည်။

ဘီလူးချောင်းအနီးအကောင်အထည်ဖေါ်မည့် ညဈေးတန်းနှင့် အပျော်စီးစက်လှေအစီအစဉ်အကောင်အထည်ဖေါ်မှုနှင့်အတူ ထွက်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုကိုလည်း အလေးထားရန် ကြပ်မတ်လုပ်ဆောင်သင့်ကြောင့် ကိုနေမိုးအောင်က အကြုံပြုသည်။

“စနစ်တကျလုပ်ရင်တော့ ကောင်းပါတယ်။ နေရာတိုင်းတော်တော်များများမြို့တွေမှာတော့ ညဈေးတွေ ရှိနေပြီ။ ကျနော်တို့ဆီမှာတော့ လုပ်သင့်တယ်။ ခရီးသွားလုပ်ငန်းအတွက် ပိုပြီးတော့ ဖွံ့ဖြိုးလာမယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် ခုနပြောသလိုပေါ့ စည်းကမ်းတကျလုပ်ဖို့တော့လိုတာပေါ့။ ရေချောင်းထဲကို စွန့်ပစ်အမှိုက်တွေ မကျဖို့ အဓိက ဘယ်လိုလုပ်ကြမှာလဲ ဆိုတာတော့ တိုင်ပင်ပြီးလုပ်ရင်တော့ ကောင်းမှာပါ။”ဟု ကိုနေမိုးအောင်က ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ကျပ်သိန်းပေါင်း ၃၀၀ဝ ကျော် ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၇၀၀ဝ နီးပါးအထိ ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဝင်ငွေ၏ နှစ်ဆအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ၂၀၁ရ ခုနှစ် အောက်တိုဘာလ အကုန်အထိ ကျပ်သိန်းပေါင်း ၇၀၀ဝ ကျော် ရရှိနေပြီဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးဌာန(လွိုင်ကော်)၏ ခရီးသည်ဝင်ရောက်မှု လျာထားချက်ထက် ကျော်လွန်နိုင်မည်ဖြစ်ကြောင်း ဦးလင်းဇော်ထွဋ်က ပြောဆိုထားသည်။

ကယားပြည်နယ်၌ ဒီနှစ်အတွက် ခရီးသွားဦးရေ ၁၂၀၀ဝ အထိ ဝင်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်)က မျှော်မှန်းနေသည်။ ပြည်နယ်အတွင်း ပန်ပတ်ဒေသနှင့် တနီးလာလဲ ကန်ခုနှစ်ဆင့်တွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို အကောင်ထည်ဖေါ်ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများ ရရှိထားသည်။

spot_img
spot_img

Recent posts