spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရ၊ နှစ်ဖက်အကျအဆုံးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့တွင်းက စစ်မှုထမ်းဟောင်းရုံး၊ လဝက ရုံး၊ မြို့မရဲစခန်း၊ ရုပ်သံ လွှင့်ဌာန တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ၇ဦးသေဆုံးပြီး ၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) အမှတ် ၁၁၀၅တပ်ရင်းမှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၄ နာရီ မိနစ် ၅၀ ကစတင်ခဲ့ကာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သေဆုံးအလောင်းနဲ့ ဒဏ်ရာရလူနာတွေကို ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

“ ရဟတ်ယာဉ်နဲ့က ၂ရက်နေ့မှာ လာသယ်သွားတာပါ။ အရာရှိတွေပါမပါ မသိရသေးဘူး။စစ်ကောင်စီဘက် လှုပ်ရှားမှုက ကျနော်တို့က မြို့ထဲထိ ဝင်တိုက်ထားတာဆိုတော့ မြို့ထဲ လုံခြုံရေးအပြည့်ပါ။ ဟုတ်ကဲ့ စစ်ကောင်စီဘက်က မြို့ထဲမှာလုံခြုံရေးအပြည့် ချထားပါတယ်။ ဝင်စီးနင်းခဲ့တဲ့ နေရာအနီး ပတ်ပတ်လည် နဲ့ အခြားနေရာတွေမှာလည်း လုံခြုံရေး ထပ်တိုးချထားတယ်။” လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G4 ၁လက်၊ AK 22 ၁လက်၊ G4 ကျည်ဘောက် ၆ဘောက်၊AK ကျည်ဘောက် ၃ဘောက်၊လက်ပစ်ဗုံး ၁လုံးနှင့် ကျည်ဆံအချို့တို့အားသိမ်းဆည်းရမိခဲ့တယ်လို့ ဘောလခဲ PDF က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်ကို ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်း၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်း ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – ဘောလခဲ PDF
spot_img
spot_img

Recent posts