spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်ပါတီ ဆိုင်းပုဒ်ဖျက်ဆီးခံရ

Author

Date

Category

မီမြာ၊ ဦးမြာ

ကယားပြည်နယ် ဘောလခဲမြို့ နန်းဖဲသာယာကုန်းရပ်ကွက်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP ) ဆိုင်းပုဒ်ဖျက်ဆီးခံရတယ်လို့သိရပါတယ်။

KySDP အနေနဲ့ ပါတီဆိုင်းပုဒ်ဖျက်စီးခံရတာ ပထမဆုံးဖြစ်ပြီးတော့ ဒါဟာ ပါတီကြီးတွေက ပါတီငယ်တွေကို နှောက်ယှက်တာဖြစ်တယ်လို့ KySDP အတွင်းရေးမှူးလည်းဖြစ် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသဲရယ်က ပြောပါတယ်။

“ ကျနော်တို့သုံးသပ်မိသလောက်က ပါတီကြီးတွေက ပါတီငယ်တွေကို လိုက်ပြီးနှောက်ယှက်တာလို့ ကျနော်တို့မြင်တယ်။ ဒီနေ့ဒီအချိန်မှာတော့ ပြိုင်ဆိုင်မှုတွေ ရှိကြတာကို အားလုံးလက်ခံနိုင်ဖို့လိုတယ်။ အခုဟာက ဒီပါတီကမရှိရဘူး။ ငါတို့ဘဲရှိရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆိုလို့ရှိရင်တော့ တကယ်လို့ အစိုးရဖြစ်လာတဲ့တစ်နေ့ ကျရင်တော့ ဘယ်လိုလုပ်ကြမလဲ။ ဒါကလဲ အာဏာရှင်ဆန်တုန်းပါဘဲ။ ” လို့ ပြောပါတယ်။

ဖျက်စီးခံရတဲ့ဆိုင်ပုဒ်အနီးမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF ) နဲ့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ( NLD ) ဆိုင်းပုဒ်တို့ရှိပါတယ်။ ဖျက်ဆီးတဲ့သူက စိတ်မနှံ့ဆိုပေမယ့် ယုံဖို့ခက်တယ်လို့ ဦးသဲရယ်ကပြောပါတယ်။ ဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်ထံတင်ပြသွားမယ်လို့လည်း သူကပြောပါတယ်။

လွန်ခဲ့တဲ့ သုံးရက်ကဖျက်စီးခံရတာဖြစ်ပြီး စိတ်မနှံ့တဲ့လူတစ်ယောက်က လာဖျက်ဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဦးသဲရယ်ကို ပြောကြားချက်အရ တဆင့်ကြားသိရပါတယ်။စိတ်မနှံ့တဲ့လူတစ်ယောက်ကဖျက်ဆီးသွားတယ်လို့ဆိုပေမယ့်ဒါက ယုံကြည်ရခက်ခဲတယ်လို့ ဦးသဲရယ်က ပြောပါတယ်။

ဘောလခဲမြို့နယ်အတွင်းမှာ လက်ရှိ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်တဲ့ ဦးစိုးသိန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်မည့်မဲဆန္ဒနယ်မြေလည်းဖြစ်ပြီး တခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစု ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ တစ်သီးပုဂ္ဂလတို့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။

လက်ရှိမှာ ဘောလခဲမြို့နယ်အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ၁နေရာ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာတို့မှာ အနိုင်ရရှိခဲ့ကြတဲ့မြို့နယ်ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ တုန်းကတော့ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ ( UDP ) ဥက္ကဌဖမ်းဆီးခံရတဲ့သတင်းကြောင့် လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှာ နေထိုင်သူတစ်ဦးက နေအိမ်မှာရှိတဲ့ UDP ပါတီဆိုင်းပုဒ်ကို ဖြုတ်ချခဲ့တာတော့ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts