spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲ၊ သာယာကုန်းကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တစ်ဦးကျဆုံး၊ စစ်ကောင်စီက ဒေသခံ၂ဦးကို မီးရှို့သတ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့ နဲ့ ဘောလခဲမြို့ အကြား နန်းဖဲကျေးရွာအုပ်စု သာယာကုန်းကျေးရွာမှာ ယမန်နေ့မှာ (မတ်လ ၄ရက်) ၅နာရီကြာအောင် စစ်ကောင်စီနဲ့ KNDF B-16 ၊ KA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF B-16 က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ နေ့လည်၁၁နာရီခွဲကနေ ညနေပိုင်း ၅နာရီခွဲအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီက နန်းဖဲကျေးရွာအုပ်စုထဲက ဒေသခံနှစ်ဦး အပါအဝင် ကွက်သစ် ကျေးရွာ က နေအိမ် ၃လုံးနဲ့ သာယာကုန်းကျေးရွာက နေအိမ် ( ၁ ) လုံးကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦးအထိ သေဆုံးနိုင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

KNDF B-16 တာဝန်ရှိသူတစ်ဦးက “ မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာကတော့ သာယာကုန်းကျေးရွာပေါ့နော၊ ကျနော်တို့ သာယာကုန်းမှာ ထိပ်တိုက်တိုးတော့ ကျနော်တို့ အဲ့မှာဖြစ်တယ်။ ဒီ မီးရှို့သွားတဲ့နေရာက သာယာကုန်းမှာပဲ မီးရှို့ခံရတယ်။ အိမ်ပေါ့။ အဲ့မှာ သာယာကုန်းမှာ အိမ် တစ်လုံး နောက် ကွက်သစ် ဘက်မှာ ပြန်ဆုတ်တဲ့ လမ်းပေါ့။ ပြန်ဆုတ်တဲ့ လမ်းမှာ ပြည်သူတွေရဲ့ အိမ်ကို မီးရှို့သွားတယ်။ အဲ့ဒီအိမ်ထဲမှာ ပြည်သူတွေလည်း ပါတယ်။ လောလောဆယ်တော့ နှစ်ယောက်ပါတယ်လို့ တော့ သိရတယ်။ “ လို့ ပြောပါတယ်။

ထိတွေ့ တိုက်ပွဲအတွင်း ကျဆုံးသွားသူမှာ KNDF B-16 က အသက် ၄၃နှစ်အရွယ် ဦးပေါလူ ဖြစ်ပြီး လက်နက်ကြီးထိမှန် ကျဆုံးခဲ့တာဖြစ်ပါတယ်။

မီးရှို့သတ်ခံရတဲ့ ဒေသခံနှစ်ဦးက မည်သူဆိုတာကိုတော့ မသိရသေးဘဲ အိမ်နဲ့လူကို တစ်ချိန်တည်း မီးရှို့ခံရတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ သူတို့က( မီးရှို့သတ်ခံရတဲ့ ဒေသခံနှစ်ဦး) ပြေးတောင် ပြေးချိန်မရှိလိုက်ဘူး။ အိမ်မှာပဲရှိတယ်ကော။ သူတို့က အိမ်ပါပါ။ လူပါပါ တစ်ခါတည်း အရှင်လတ်လတ်မီးရှို့သတ်တာ။ “ လို့ ၎င်းက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ သာယာကုန်း နဲ့ တော်ခူသစ်ကျေးရွာမှာတော့ ဒေသခံတွေ ယခင်ကတည်းက စစ်ဘေးရှောင်ကြပြီး အနီးအနားကျေးရွာဖြစ်တဲ့ ကွက်သစ် ၊ စလဲလုံ၊ ဘူးခူ ကျေးရွာက ဒေသခံတွေက ယမန်နေ့က စစ်ဘေးရှောင်ကြပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာမှာ မတ်လ ၂ရက်နေ့က မီးရှို့ခံရတဲ့ ဒေသခံ၃ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ကနေ ကျေးရွာအတွင်း တွေ့ရှိခဲ့တဲ့ အရပ်သားပြည်သူတွေ စားနပ်ရိက္ခာပြန်လာယူတဲ့ စစ်ရှောင်ပြည်သူတွေကို အကြောင်းမဲ့ မီးရှို့သတ်ဖြတ်ခံရတာ စုစုပေါင်း ၂၂၆ဦးထိ ရှိနေပြီလို့ သိရပါတယ်။

spot_img
spot_img