spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မန္တလေးတွင်ပြောကြားခဲ့သည့် ကယားပြည်နယ်ဝန်ကြီးချုပ်၏ အမှာစကား ဝေဖန်ခံနေရ

Author

Date

Category

မန္တလေးသံစဉ်ဂန္တဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို မိန့်ခွန်းပြောခဲ့စဉ်။ (ဓါတ်ပုံ- Kayah Gov Facebook)

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ယခုလ ၄ ရက်နေ့က မန္တလေး အမျိုးသားကဇတ်ရုံမှာပြုလုပ်ခဲ့တဲ့ မန္တလေးသံစဉ်ဂန္တဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုပြောကြားခဲ့တဲ့ အမှာစကားပါအကြောင်းအရာတွေ လွဲမှားမှုနဲ့ပတ်သက်ပြီး ကရင်နီနိုင်ငံရေးအသိုင်းအဝိုင်းနှင့် လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများနှင့်ကြုံနေရပါတယ်။

အဆိုပါအမှာစကားမှာ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်မှာ လက်နက်ကိုင် ၇ ဖွဲ့ရှိကြောင်းနှင့် ၆ ဖွဲ့မှာ NCA လက်မှတ်ရေထိုးပြီးကြောင်းမှားယွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက် အနေဖြင့် ကိုယ့်ပြည်နယ်ရဲ့ အခြေအနေအမှန်ကို မသိဘဲ အခုလိုမှားယွင်းပြောဆိုလိုက်ခြင်းဟာ ရှက်ဖွယ်ရာဖြစ်တယ်လို့ ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခူးကြူးဖဲကေး (ခ) ဂူးဂူးက ပြောပါတယ်။

“ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ကိုယ့်ပြည်နယ်မှာ လက်နက်ကိုင် ၇ ဖွဲ့ရှိတယ် ၆ ဖွဲ့က NCA ထိုးပြီးပြီ ၊ DDR ၊ SSR ကိုအကောင်အထည်ဖော်ပြီးပြီဆိုပြီး အခုလိုတရားဝင်အခမ်းအနားမှာပြောတာက ရှက်ဖွယ်ဖြစ်တယ်၊ ဒါပထမအချက်၊ ဒုတိယအချက်က လေ့လာမှုအားနည်းတာလားလေ့လာမှုမရှိတာလားပေါ့နော် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့အခုလောက်ထိမှားတာကမဖြစ်သင့်ဘူး၊ တခြားပြည်နယ်က ကိစ္စကိုပြောလို့မှားခဲ့တယ်ဆိုရင်အဖတ်ဆယ်လို့ရသေးတယ်၊ အခုက ကိုယ့်ပြည်နယ်အခြေအနေလွဲမှားစွာပြောပြီး ဘာမှမသိဘူး ၊ ဘာမှနားမလည်ဘူးဆိုတာအင်မတန်မှရှက်ဖွယ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် အခုလိုလွဲမှားစွာပြောဆိုလိုက်ခြင်းဟာ ပြည်နယ်ငြိမ်းချမ်းရေးအပေါ်ဘယ်လောက်အထိ ထဲထဲဝင်ဝင်လေ့လာတယ်ဆိုတဲ့ သူ့အရည်အချင်းကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါတယ်။

“ ကယားပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမဲ့ အရင်ကအပစ်ခတ်ရပ်စဲရေးယူပြီးတဲ့အဖွဲ့တွေက နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ်အကုန်အသွင်ပြောင်းကုန်ပါပြီ၊ အဲ့ဒါတွေကတော့ NCA လမ်းကြောင်းနဲ့လုံးဝမပတ်သက်တဲ့ဟာတွေပေါ့နော်၊ အခုကျတော့ သူပြောတာက ဒီဟာတွေက ဒီလို ဒီလိုဖြစ်နေတယ်ဆိုတော့၊ သူ့အနေနဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ သူဘယ်လောက်အထိနားလည်ပြီး လေ့လာမှုအားရှိလဲဆိုတာ သူ့အရည်အချင်းကို သူဖော်ပြတာလို့ဘဲ ကျနော့်တစ်ယောက်အနေနဲ့အဲ့လိုဘဲမြင်ပါတယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်မှာကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့မှ ခွဲထွက်ခဲ့သည့် အဖွဲ့၄ ဖွဲ့ရှိပြီး ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF / က.လ.လ.တ) အဖွဲ့မှာ နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခဲ့ပြီးဖြစ်သလို၊ အခြားအဖွဲ့များဖြစ်ကြသည် ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP / ကယောနီအဖွဲ့)၊ ကရင်နီအမျိုးသားသွေးစည်းညီညွတ်ရေးအဖွဲ့ (KNSO / ကြယ်ဖြူအဖွဲ့)၊ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP / နဂါးအဖွဲ့) စသည့်အဖွဲ့များမှာ ဌာနေပြည်သူ့စစ်အဖြစ်အသွင်ပြောင်းခဲ့ပြီးဖြစ်သည်။

သီးခြားအနေဖြင့် ရပ်တည်နေသည့် ကယန်းပြည်သစ်ပါတီ (KNLP) အဖွဲ့ကိုလည်း အစိုးရမှ ဌာနေပြည်သူ့စစ်အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။ လက်ရှိအချိန်တွင် ကယားပြည်နယ်တွင် အင်အားအကြီးဆုံးဖြစ်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် အစိုးရနှင့် နှစ်ဦးနှစ်ဘက်သဘောတူစာချုပ် ( Bilateral Agreement) ကို လက်မှတ်ရေးထိုးထားပြီး NCA စာချုပ်တွင်လက်မှတ်ရေးထိုးနိုင်ရေးအတွက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts