spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

မသင်္ကာဖွယ်ပစ္စည်းကိုစစ်ဆေးရာမှာ လူသုံးကုန်ပစ္စည်းသာဖြစ်ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အဝေးပြေးဂိတ်ရှိ ရွှေကယားဂိတ်မှာ မသင်္ကာဖွယ် ပစ္စည်း တွေ့ရှိတယ်လို့ သတင်းရထားပြီးနောက် သက်ဆိုင်ရာတွေက သွားရောက်စစ်ဆေးခဲ့ရာမှာ လူသုံးကုန် ပစ္စည်းသာဖြစ်တယ်လို့ အဝေးပြေးကားဂိတ်တာဝန်ရှိသူထံကနေကြားသိရပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့၊ ပုဂ္ဂလိက ခရီးသည်ယာဉ်လိုင်း ကြီးကြပ်ရေးကော်မတီရုံးက ကော်မတီ ဥက္ကဌ ဦးစံအေးက ” ဒီနေ့ ဖုန်းဆက်တော့ ဦးအံ့မော်ကနေတဆင့် အင်ဂျင်နီယာ တပ်တွေ ရဲတွေ လွတ်လာတယ်။ စစ်ဆေးကြည့်လိုက်တော့ လူသုံးကုန် ပစ္စည်း ၊ သာမန်ပစ္စည်းတွေပဲ ဖြစ်လို့ ယယက ရုံးမှာ ကျနော်တို့ ခေတ္တ သိမ်းထားမယ်” လို့ ကော်မတီ ဥက္ကဋ္ဌ ဦးစံအေးက ပြောပါတယ်။

မသင်္ကာဖွယ် ပစ္စည်း စစ်ဆေးနေကြစဉ်

အဲ့ဒီပစ္စည်းက ကယားပြည်နယ် အစိုးအဖွဲ့မှ အတွင်းရေးမှူး ဦးအံ့မော် နာမည်နဲ့ ၉ ရက်နေ့မှာ ရန်ကုန်ကနေ သိန်းသန်းကုဠေကားဖြင့် သယ်ဆောင်လာပြီး ဝါရီကောခူ ရောက်ရှိခဲ့ရာမှာ ရွှေကယားကားနဲ့ သွားရောက် သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၁ဝ ရက်နေ့ နံနက် ၁ဝ နာရီမှာ သိန်းသန်းကုဠေ ဂိတ်မှ တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ကိုရဲတိုက်က ပစ္စည်း ရောက်ရှိကြောင်း ဦးအံ့မော်ကို အကြောင်းကြားရာမှ သူ့ပစ္စည်း မဟုတ်ကြောင်း ပြောပြီး သက်ဆိုင်ရာတွေကနေ ဖြစ်တဲ့ အမှတ်၉၀၃ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ နှင့် ရဲတပ်ဖွဲ့တွေက လာရောက် စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

” ကျနော်တို့က ပစ္စည်း ရောက်ကြောင်း ဒီမနက် ၁ဝ နာရီလောက်မှာ ဦးအံ့မော်ကို အကြောင်းကြားတာ။ ဦအံ့မော်က လွတ်လိုက်တာ ရဲတွေရောက်လာတယ်။ ပြီးတော့မှ စစ်တပ်လာတယ်”လို့ ကိုရဲတိုက်က ပြောပါတယ်။

မသင်္ကာဖွယ် ပစ္စည်း စစ်ဆေးနေကြစဉ်

ဦးအံ့မော်နာမည်နဲ့ ရောက်ရှိလာတဲ့ ပစ္စည်းမှာ ၆ မျိုး ပါရှိပြီး
(က) wifi-tp- link စက် ( ၁)လုံး
(ခ)SoNY မိုက် (၂) လုံး
(ဂ) T2F Amplifier (၁)လုံး
(ဃ) T2F ဆောင်းဘောက် (၂) လုံး
(င) Golden Flend System ပုံး (၁)လုံး
(စ) Handgel ဗူး(၅၀)ပါ (၁)ဖာ စတဲ့ ပစ္စည်းတွေ ဖြစ်တယ် လို့ သိရပါတယ်။

တွေ့ရှိရတဲ့ ပစ္စည်းတွေကိုတော့ ကယားပြည်နယ် လွိုင်ကော်မြို့၊ ပုဂ္ဂလိက ခရီးသည်ယာဉ်လိုင်း ကြီးကြပ်ရေးကော်မတီရုံးမှာ ထိန်းသိမ်းထားမယ်လို့ သိရှိရပါတယ်။

spot_img
spot_img

Recent posts