spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မိရိုးဖလာအရ ပြုလုပ်ကြတဲ့ ရိုးရာဓလေ့ ငှက်လိုက်ပွဲ

Author

Date

Category

ကေးဒူ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်နေ့)က မိရိုးဖလာ ရိုးရာဓလေ့ ငှက်လိုက်ပွဲကို ကျင်းပပြုလုပ်ခဲ့ ကြပါတယ်။

ငှက်လိုက်ပွဲမှာ ရိုးရာဓလေ့ ကြက်ရိုးထိုးရပြီး ကြက်ရိုးအောင်ရင် အနာဂတ်မှာက ပိုစိတ်အေးရပြီး မအောင်ရင်တော့ စိုးရိမ်စရာတွေ ရှိတယ်လို့ ယူဆကြကြောင်း ကေ့ဗျာကျယ် တစ်ဦးဖြစ်တဲ့ ဦးနျားရယ်က ပြောပါတယ်။

” ကျနော်တို့ ကြက်ရိုးထိုးတယ်။ တစ်ရွာလုံး တစ်ပြည်နယ်လုံး ကောင်းဖို့အတွက် ရည်ရွယ်တယ်။ ဒါဟာ ကျနော်တို့ ရိုးရာဓလေ့ အရ ငှက်လိုက်ပွဲလို့ ခေါ်တာပေါ့နော်။ ကျနော်တို့ ကယားမှာက အဲ့လိုရှိတယ်။ ကျနော်တို့ ရိုးရာ ဓလေ့အရ ငှက်လိုက်ပွဲမှာ ကြက်ရိုးနဲ့ ထိုးပူဇော်ရတယ်။ တစ်ရွာလုံး တစ်ပြည်နယ်လုံး ကောင်းဖို့အတွက် ကြက်ရိုးကြည့်တယ်။ ကြက်ရိုးအောင်ရင် ကောင်းတယ်။ မအောင်ရင် မကောင်းဘူး။ အ့လိုမျိုးပေါ့။ နောက်လာမယ့် အနာဂတ်မှာ ကျနော်တို့ရွာ ကျနော်တို့တိုင်းပြည်နဲ့ လူမျိူးပိုပြီး အေးချမ်းသာယာဖို့အတွက် ကြက်ရိုးကြည့်တော့ ကြက်ရိုးက သိပ်မအောင်ဘူး။ ကြက်ရိုးသိပ်မအောင်တော့ တိုင်းပြည်ကလည်း မတည်ငြိမ်ဘူးဆိုတော့ အနာဂတ်မှာ စိုးရိမ်ပူပန်စရာတွေ နည်းနည်းတော့ ရှိတယ် ဆိုတဲ့သဘောပေါ့ ” လို့ ကေ့ဗျာကျယ် တစ်ဦးဖြစ်တဲ့ ဦးနျားရယ်က ပြောပါတယ်။

အာဏာမသိမ်းခင်အထိ ငှက်လိုက်ပွဲတိုင်းဟာ စည်စည်ကားကား ပြုလုပ်နိုင်ခဲ့ပြီး ငှက်လိုက်သမားတွေကလည်း နေရာတိုင်း လိုသလို ငှက်လိုက်လို့ ရတာကြောင့် ပိုပြီး ပျော်တယ်လို့ ဆိုကြပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာ ငှက်လိုက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပေမယ့် လူအစုလိုက်အပြုံလိုက် ငှက်လိုက်လို့ မရတော့သလို နေရာတိုင်းမှာ ငှက်လိုက်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီနှစ်ငှက်လိုက်ပွဲမှာ ငှက်လိုက်တဲ့သူတွေ နည်းလာပြီး ငှက်ရလာတာလည်း အရင်နှစ်တွေနဲ့မတူတော့ဘူးလို့ ငှက်လိုက်သူ တစ်ဦးဖြစ်တဲ့ ဦးရီးရယ်က ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကျနော်တို့ ငှက်လိုက်ပွဲလိုက်ရင် ငှက်တွေ အများကြီး ရတယ်။ ပိုပိုလျှံလျှံရတယ်။ ဒီတစ်နှစ်မှာတော့ တိုင်းပြည် အခြေအနေက ဒီလိုဖြစ်နေတော့ ငှက်က အရင်လို ပိုပိုလျှံလျှံ မရတော့ဘူး။ အဲ့လိုတော့ ရှိတယ်” လို့ ဦးရီးရယ်က ပြောပါတယ်။

အဆိုပါ ငှက်လိုက်ပွဲကို တစ်နှစ် တစ်ကြိမ် စပါးရိတ်သိမ်းပြီး ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်ကြရတာ ဖြစ်ပါတယ်။ ဒေသတွင်း ကောင်းမွန်တဲ့အရာတွေ ရောက်ရှိလာဖို့ ရိုးရာ ငှက်လိုက်ပွဲကို နှစ်စဉ်မပြတ် ပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒီနှစ်ငှက်လိုက်ပွဲဟာ အရင်နှစ်တွေလိုမျိုး ငှက်တွေ မရလာနိုင်ခဲ့ပေမယ့် နောက်လာမယ့် နှစ်တွေမှာတော့ အရင်လို ပြန်ဖြစ်နိုင်ဖို့ မျှော်လင့်နေရတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts