spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မိုင်းလုံးရပ်ကွက်ရှိ သဘာဝရေထွက်ပေါက်ကန်ကို ပြုပြင်ထိန်းသိမ်းနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ သဘာဝရေထွက်ပေါက်ကန်ကို လူထုတောင်းဆိုမှုကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းနေပြီး ရေထွက်တဲ့အနီးတစ်ဝိုက်မှာလည်း ရေဝင်ရေလဲသစ်တောဖြစ်ဖို့အတွက် ပြုပြင်ထိန်းသိမ်းနေပြီဖြစ်တယ်လို့သိရပါတယ်။

နှစ်ပေါင်းများစွာကတည်းက တည်ရှိလာတဲ့ အဲဒီရေထွက်ပေါက်ကို ပြန်လည်ပြုပြင်ထိန်းဖို့ ဒေသခံပြည်သူလူထုက တင်ပြတောင်းခံလာတာကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးထားတယ်လို့ လွိုင်ကော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောပါတယ်။

ရေကန်အနီး ပတ်ဝန်းကျင် သာယာသန့်ရှင်စေဖို့အတွက် သစ်ပင်စိုက်ပျိုးနေကြစဉ်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တာဝန်ယူပြီး လူထုတွေ့ဆုံပွဲလုပ်တဲ့အခါမှာ ပြည်သူလူထုကတောင်းလို့ ကျမတို့ အချက်အလက်ကိုပြန်လေ့လာပြီးမှ ဒါလေးကိုလုပ်သင့်လားမလုပ်သင့်ဘူးလားဆိုတာကို ဆုံးဖြတ်ပြီးမှ ဒီအဆင့်ကိုရောက်လာတာပေါ့ အဓိက လူထုတောင်းဆိုလို့” လို့ ဒေါက်တာခင်စည်က ပြောဆိုပါတယ်။

အဲဒီ သဘာဝအတိုင်းတည်ရှိနေတဲ့ ရေထွက်ပေါက်ကို နှစ်ပေါင်းများစွာကတည်းက ဒေသခံပြည်သူလူထုတွေ မှီခိုသုံးစွဲနေရတဲ့ ရေထွက်ပေါက်ဖြစ်ပါတယ်။

ခေတ်ကာလပြောင်းလာတဲ့အခါမှာ ရွာအဆင့်ကနေ ရပ်ကွက်အဆင့်ပြောင်းလာတာကြောင့် စည်ပင်ရေရှိတဲ့အတွက် ရေထွက်ပေါက်ကန်ကို အသုံးပြုခြင်းမရှိတော့တဲ့အတွက် ကြာမြှင့်လာတာနဲ့အမျှ အမှိုက်တွေစွန့်ပစ်မှုများလာတာရယ် အရက်သမားတစ်ဦးသေဆုံးထားတာကြောင့် ရေကို သုံးစွဲခြင်းမပြုတော့ဘဲ ပြီးခဲ့တဲ့ ၃နှစ်လောက်က ဒေသခံလူထုတွေ့ဆုံပွဲမှာ တင်ပြတောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ိသိရပါတယ်။

အဲဒီနောက်မှာ အမှိုက်ပြည့်နှက်နေတဲ့ ရေထွက်ပေါက်ကန်ကို ဒေသခံအင်အားနဲ့ အမှိုက်ပြန်ဆယ် ရှင်းလင်းလိုက်တာကြောင့် ရေပိုထွက်လာပြီး ကန်ပတ်လည် ပြုပြင်ထိန်းသိမ်းဖို့အတွက် အလှူရှင်အကူအညီနဲ့ သံဇကာ ကာဖို့ဆောင်ရွက်နေပါတယ်။

ဒေါက်တာခင်စည်သူက “ရေထွက်ပေါက်အတွက် ရေအရင်းအမြစ်ဆိုပြီးတော့ စနစ်တကျတာဝန်ယူထားတဲ့သူမရှိဘူး ဒါ သဘာဝပတ်ဝန်းကျင်က တာဝန်ယူတယ် ဆည်မြောင်းကတာဝန်ယူတယ်ဆိုတော့ သူတို့နဲ့ပူးပေါင်းပြီးတော့ ကျမတို့လုပ်ကြည့်တာပေါ့။ ပိုက်ဆံကို ပြည်နယ်အစိုးရဝန်ကြီးချုပ်နားတောင်းလည်း ပိုက်ဆံမရှိဘူး လူထုတွေ့ဆုံပွဲမှာလည်း ဝန်ကြီးချုပ်ဆိုရင် လူထုတွေကတောင်းပါတယ် ဒါပေမယ့် မရှိလို့မပေးဘူးလို့တော့ပြောတာပေါ့နော။ ကျမအနေနဲ့ကတော့ အလှူရှင်တစ်ယောက်ကိုရှာရပါတယ် အလှူရှင်တစ်ယောက်ကပံ့ပိုးလိုက်လို့ သိန်းတစ်ရာလောက်ရလို့သာ ဒီအဆင့်ထိရောက်လာတာပေါ့” လို့ ဆက်ပြောပါတယ်။

ရေအရင်းအမြစ်ကော်မတီအဖွဲ့ဟာ ပြည်ထောင်စုအဆင့်မှာသာရှိပြီး အောက်ခြေမှာဆောင်ရွက်နေကြတာဖြစ်တဲ့အတွက် အောက်ခြေအဆင့်ဖြစ်တဲ့ ပြည်နယ်အဆင့် ခရိုင် မြို့နယ် ရပ်ကွက်အဆင့်တွေမှာ လုပ်နိုင်ရင်ပိုကောင်းတာကြောင့် ဒေါက်တာခင်စည်သူအနေနဲ့ လွှတ်တော်ထဲမှာဆွေးနွေးတင်ပြထားတယ်လို့သိရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်စည်သူ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတီရယ် နဲ့ ဌာနဆိုင်ရာတွေက မေလ ၈ ရက်နေ့ ညနေပိုင်းက သစ်ပင်စိုက်ပျိုးခဲ့ပါတယ်။

spot_img
spot_img

Recent posts