spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲစစ်ဘေးရှောင်စခန်းတစ်နေရာကို တိုက်လေယာဉ်နဲ့တိုက်ခိုက်၊ လူနေအိမ်နှစ်လုံးပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (မေလ ၂၃ရက်) ည ၉နာရီခွဲအချိန်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးဟာ မိုးဗြဲစစ်ဘေးရှောင်စခန်း တစ်နေရာကို နှစ်ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့ (မေလ ၂၄ရက်) မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ရှိမရှိကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတွေဆီကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရနိုင်သေးပါဘူး။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးအကြိမ်ရေ များစွာကိုလည်း စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် စစ်ရှောင်ရှိရာနေရာတွေ၊ ဆေးရုံ၊ဆေးခန်းတွေကို မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် မိဘပြည်သူအနေနဲ့ လေယာဉ်သံကြားလျှင် ဗုံးခိုကျင်းထဲ အမြန်ဆုံးဝင်ပုန်းပေးကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာလည်း မိုးဗြဲလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာခဲ့တဲ့ ကုန်တင်ကားတစ်စီးကို မိုးဗြဲစက်တော်ရာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့တဲ့အတွက် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မိုးဗြဲကိုဖြတ်သန်းသွားလာကြတဲ့အခါ မိမိလုံခြုံရေးကို အထူးကရုစိုက်ကြဖို့ အသိပေးထားပါတယ်။

ဓါတ်ပုံ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
spot_img
spot_img

Recent posts