spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ခံ အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ပစ်သတ်ခံရတဲ့ ရုပ်အလောင်းတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇွန်လ ၉ရက်) မှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင်းရပ်ကွက်ထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးငယ် (၂)ဦး ဟာ စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မ ပြုကျင့်ခံရပြီး နဲ့ ဖခင်နဲ့ အတူ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ မိုးဗြဲဒေသခံ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

“ ကျနော်တို့ကြားတာလည်း အဲအတိုင်းပဲ ဟုတ်တယ်။ အမျိုးသမီး ၂ဦးကို Rape (အဓမ္မပြုကျင့်) လုပ်ပြီးတော့ အသတ်ခံရတယ်။ ပြီးတော့ သူ့အဖေပါပါ အသတ်ခံရတယ်။ ဒီတိုင်းပုံကြည့်တာနဲ့ကို သိသာပါတယ်။ တကယ် လို့ လက်နက်မတော်တဆပစ်တယ်ဆိုရင် အဲလို ပုံစံမျိုးမဟုတ်ဘူးလေ။ သူတို့က တကယ်ကို ဖမ်းဆီးထားပြီးတော့ နှိပ်စက်ထားပြီးတော့မှ Rapeလုပ်ပြီးမှ နောက်မှ စစ်ဆေးမေးမြန်းပြီးတော့ သတ်တဲ့သဘောပေါ့။ အနီးကပ်ပစ်ခတ်တဲ့သဘောပါ။ “ လို့ မိုးဗြဲဒေသခံ တစ်ဦးဆီက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတာပါ။ ဒေသခံတွေကတော့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေရှိသလို ၊ နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ပိတ်မိနေသူတွေရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးငယ် ၂ ဦးနဲ့ ဖခင် အသတ်ခံရတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး မိုးဗြဲဒေသခံတွေဆီက အတည်ပြုချက်တွေရရှိခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖက်ကို အတည်ပြုဖို့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီတပ်ဖက် လက်နက်ကြီးပစ်ခတ်မှုတွေ ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေရှိသလို နေအိမ်အမြောက်အများ ပျက်စီးမှုတွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာရှိပါတယ်။

မိုးဗြဲမြို့မှာ မေလ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၃) ဦးအပါအဝင် ပြည်သူ စုစုပေါင်း (၁၃)ဦး သေဆုံးခဲ့ရတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)က ယမန်နေ့ (ဇွန်လ ၉ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့တွင်းမှာ စစ်ရေးအရသော်လည်းကောင်း၊ မည်သည့်အရသော်လည်းကောင်း အစိုးမရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးကရုပြုပေးဖို့ နဲ့ ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ မိုးဗြဲPDFတပ်ရင်း(၁)ရဲ့ ဇွန်လ (၉)ရက် ထုတ်ပြန်ချက်ထဲမှာ မေတ္တာရပ်ခံထားပါတယ်။

spot_img
spot_img

Recent posts