spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖို့တို့ ယမန်နေ့ ( မတ်လ ၁၀ရက်နေ့)မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF B-03 ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ သူတို့က တပ်စွဲထားတယ်။ ဝါရီဆူးပလိုင်ဘုန်းကြီးကျောင်းမှာ သူတို့ မြောင်းတွေတူးထားတယ်။ နောက်သူတို့ အင်အား ၅၀လောက်ရှိတယ်။ စစ်ကောင်စီက ခန့်မှန်းချေကတော့ ၃ယောက်လောက်တော့ ကျတယ်ပြောတယ်။ သူတို့ဘက်က ဒဏ်ရာရတဲ့လူတွေကတော့ သုံးယောက်လောက်တော့ ဒဏ်ရာရတယ်။ “

မနက်၈နာရီကနေ မွန်းလွဲ ၂နာရီအထိကြာမြင့်ခဲ့တယ်လို့ KNDF B-03 ကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ KNDF B-03၊ KNDF B-07 ၊KNDF B-11 ၊PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မိုးဗြဲမြို့နယ်ဟာ ဖေဖော်ဝါရီလ ၁၆ရက်နေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးတဲ့နောက် ဒေသခံအများအပြား စစ်ဘေးရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီက မိုးဗြဲတိုက်ပွဲအတွင်း တင့်ကားတွေ၊ တိုက်လေယာဉ်တွေအသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဝါရီဆူးပလိုင်ကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်စီးခဲ့ပါတယ်။

spot_img
spot_img

Recent posts