spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ တစ်နေရာမှာ မူးယစ်ဆေးဝါး တစ်သောင်းကျော်ကို ဖမ်းဆီးရမိပြီး မီးရှို့ဖျက်စီးခဲ့

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲ PDF တပ်ရင်း ၂ နဲ့ KNDF B-03 တို့ ပူးပေါင်းပြီး ( WY ) မူးယစ်ဆေးဝါး တစ်သောင်းတစ်ထောင့်နှစ်ရာကျော် ( ၁၁၂၀၀ ) ကို မိုးဗြဲမြို့ ဒေသတွင်းတစ်နေရာမှာ ဖမ်းဆီးရမိပြီး မီးရှို့ ဖျက်စီးခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း ( ၂ ) က ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ အရပ်သားသတင်းပေးမှုနဲ့အတူ သွားရောက်စစ်ဆေးရင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှု ရှိတဲ့ဒေသတွေမှာဆိုရင်တော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုပြုလုပ်နေတာတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၃ ( KNDF B-03) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရောင်းချတဲ့လူကို ခေါ်ထားပြီးတော့ နောက်တစ်ခါမလုပ်ဖို့ သက်ဆိုင်ရာကို သတိပေးတယ်ပေါ့။ အဲဒီလောက် အဲဒီအဆင့်ပဲရှိပါတယ်။ နောက် သုံးစွဲတဲ့လူခါကျတော့ မူးယစ်ဆေးဝါးသုံးပြီးတော့ နည်းနည်းဟိုစာမျိုးဖြစ်တဲ့လူ အလွန်အကျွံဖြစ်တဲ့လူတွေကိုတော့ ခေါ်ပြီးတော့ ထိန်းထားတယ်။ပြီးတော့ ပြန်လွှတ်ပေးတယ်အဲလိုပေါ့။” လို့ ( KNDF B-03) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးဗြဲဘက်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာတွေလည်း ရှိနေပြီး မူးယစ်ဆေးပြား သုံးလုံး ကို တစ်ထောင်ကျပ်သာပေး ပြီးဝယ်ယူသုံးစွဲနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်တချို့နေရာတွေမှာ လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေအများအပြားရှိနေတာကို တွေ့ရပါတယ်။

spot_img
spot_img