spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၁၀၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ မိုးဗြဲ PDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မိုးဗြဲမြို့ စက်တော်ရာ ဘုန်းကြီးကျောင်းနဲ့ မွေတော်ဘုန်းကြီးကျောင်းတွေ ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၁၀၀ ဦးကို စစ်ကောင်စီက လူသားဒိုင်းစားစာခံအဖြစ် အသုံးပြုနေတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။

“အခုတော့ တိုက်ပွဲတော့ငြိမ်နေတယ်ပေါ့။ ဒါပေမယ့် မွေတော်ဘုရားထဲမှာ ပြည်သူတွေပိတ်မိနေတယ် စစ်ကောင်စီလည်းရှိနေတယ်။ ရပ်ကွက်ထဲကတော်တော်များများတော့ ထွက်သွားနိုင်ခဲ့ပြီလို့ သိရတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရတော့ မပြောတတ်ဘူး။ ဆက်သွယ်ရေးကလည်း ပြတ်တောက်နေတော့ ပြောရခက်တယ်။” လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကနေ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်စော ( ၁ ) နာရီအချိန်ကစပြီး မိုးဗြဲမြို့ထဲကို တာဝေးပစ်လက်နက်ကြီးအမြောက်အများနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ( ၂ ) နာရီအချိန်မှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝင်ရောက်ပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ မိုးဗြဲမြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးကို မသိရပေမယ့် မိုးဗြဲ PDF က ရဲဘော်နှစ်ဦး ကျဆုံးသွားတယ်လို့ မိုးဗြဲ PDF ရဲ့ ညနေပိုင်း ထုတ်ပြန်ချက်အရသိရပါတယ်။

မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အစွမ်းကုန်ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောဆိုကြပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင်းက လူနေအိမ်တချို့ဟာလည်း ထပ်မံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့တိုက်ပွဲမှာ မိုးဗြဲ PDF၊ ဖယ်ခုံ PDF ၊ လွိုင်ကော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၁၁၀၇ တပ်ရင်း၊ ဒီးမော့ဆို PDF ၊ နေပြည်တော် PDF ၊ KNDF ၊ KA ၊ KGZ၊ URF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီကိုခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံးခဲ့ပြီး ကရင်နီ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးဖက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးဗြဲမြို့တွင်းမှာ ယခုစက်တင်ဘာလအတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၅ဦးသေဆုံးခဲ့ရပြီး နေအိမ် ၁၀၀ထက်မနည်း ပျက်စီးခဲ့ရသလို ဒေသခံ ထောင်နဲ့ချီဟာလည်း စစ်ဘေးရှောင်နေရပါတယ်။

spot_img
spot_img

Recent posts