spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမှာ ကလေး ၃ဦး တောထဲသွားရင်း မိုင်းနင်းမိခဲ့၊ တစ်ဦးစိုးရိမ်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ရက်) မွန်းလွဲ ၁၂နာရီအချိန် တောထဲသွားလည်နေတဲ့ ကလေးငယ် ၃ဦး မိုင်းနင်းမိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ ဦးခေါင်း ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ ကျန်တဲ့သူကတော့ ပေါင်တစ်ချက်ထိတယ်။ ပေါင်ရယ် ၊ လက်ရော ထိတယ်။ စိုးရိမ်ရတဲ့ တစ်ယောက်က ခေါင်းပိုင်းထိတယ်။ ခေါင်းပိုင်းထိတဲ့သူက စိုးရိမ်ရတယ်။” လို့ မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၁၂နှစ်အရွယ် ၁ဦးနဲ့ ၁၅နှစ်အရွယ် ၂ဦး ဖြစ်ပြီး ဦးခေါင်းထိမှန်တဲ့ ၁၅နှစ်အရွယ်တစ်ဦး ကတော့ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ရက်နေ့မှာဆိုရင်လည်း ဒီးမော့ဆို သေးဆူလဲရွာသစ်ကျေးရွာမှာ အသက် ၃၉နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ရသလို တိုက်ပွဲအတွင်းပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် နိုဝင်ဘာလ တစ်လအတွင်း အရပ်သား ၂၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မိုးဗြဲမြို့မှာဆိုရင် မြို့ရဲ့ ရပ်ကွက်နေအိမ်တချို့နဲ့ စက်တော်ရာတောင်ပေါ် မှာလည်း စစ်ကောင်စီက ကင်းပုန်းချ လှုပ်ရှားနေရာယူထားနေဆဲဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထားသွားလာကြဖို့ ည၇နာရီမှ မနက် ၅နာရီ အတွင်း မသွားလာကြဖို့လည်း မိုးဗြဲ PDFက ဒီကနေ့ (နိုဝင်ဘာလ ၂၈ရက်) မှာ အသိပေးထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img

Recent posts