spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲ-ပီကင်းလမ်းမှာ ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (မေလ ၂၂ရက်) မွန်းလွှဲ ၂နာရီခွဲအချိန်က မိုးဗြဲ- ပီကင်းလမ်းမကြီးပေါ် သွားနေတဲ့ ကားတစ်စီးပစ်ခတ်ခံရပြီးနောက် ယာဉ်မောင်းဖြစ်သူ အသက် (၆၀)အရွယ် ဦးအုန်းမြင့်ဟာ သေနတ်ကျည်ဆံ ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းထံမှ သိရပါတယ်။ သေဆုံးသွားတဲ့ ဦးအုန်းမြင့်ရဲ့ ရုပ်အလောင်းကို လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

“ ပစ်ခံရတာက ၂နာရီခွဲလောက်ပေါ့ ကျနော်တို့ဆီကို ဆက်တာကတော့ ၃နာရီလောက်ရှိတယ် သွားကြိုတယ်။ ဖြစ်တာကတော့ မိုးဗြဲမြို့ကျော်သွားပြီ တောလမ်းထဲတော့ ရောက်သွားပြီပေါ့။ အဲ့မှာပစ်ခံရတယ်။ ပစ်တာကတော့
ဘယ်အဖွဲ့ကလဲ မသိဘူးပေါ့။ လာတဲ့ကားနဲ့ ကားငှားပြီးတော့ ပြန်သယ်လာပြီးတော့ မိုးဗြဲမှာပြန်ချိန်းတယ်ပေါ့။
သွားတာက နှစ်ယောက် နှစ်ယောက်ကို တစ်ယောက်ကတော့ ဘားမဖြစ်ဘူး ဦးလေးတစ်ယောက်တော့ သေသွားတာပေါ့။ ညာဖက်ပုခုံးအောက်နားလေးပေါ့ ဂျိုင်းအပေါ်နားပေါ့ ဖြောင်သွားတာ တစ်ချက်ပဲ။ ” လို့ ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယာဉ်မောင်း ဦးအုန်းမြင့် နဲ့ လိုက်ပါစီးနှင်းလာတဲ့ သားဖြစ်သူတို့ဟာ လွိုင်ကော်မြို့မှ နေရပ်ဖြစ်တဲ့ ဖားဆောင်းမြို့ကို ပြန်စဉ် ဗိုးဗြဲ- ပီကင်းလမ်းမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဦးအုန်းမြင့်ဟာ ဈေးရောင်းဈေးဝယ်ပြုလုပ်နေသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော မိုးဗြဲ-ပီကင်းလမ်းမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘူးလို့ သိရပါတယ်။ သို့ပေမယ့် မိုးဗြဲ- ပီကင်း လမ်းကြောင်းမှာ စစ်ကောင်စီတပ် လှုပ်ရှားမှုတွေရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ မိုးဗြဲ- ပီကင်းလမ်းကတော့ ကျနော်တို့သိရသလောက်ကတော့ လွန်ခဲ့တဲ့ သုံးလေးရက်တော့ စစ်ကောင်စီကတော့
ပိုလှုပ်ရှားတယ် စစ်ကြောင်းပိုလုပ်ရှားတယ်ဆိုတာကို သတိထားမိတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တယ်ဆိုတဲ့ဟာကတော့ ဒီရက်ပိုင်းမှာ အသံတော့မကြားမိဘူး။ အဲ့ကြောင့်မလို့ စစ်ကြောင်းလှုပ်ရှားတယ်ဆိုတာကတော့ ကြိုတင်ပြီးတော့မှ သိထားတာရှိတယ်။ အဲ့လောက်ပဲသိပါတယ် တိုက်ပွဲဖြစ်တယ် ထိတွေ့မှုရှိတယ်ဆိုတာ မကြားမိပါဘူး။ ”

မိုးဗြဲ- ပီကင်းလမ်းမကြီးဟာ ဒေသခံလူထုတွေ သွားလာနေတဲ့ အဓိကလမ်းမကြီးဖြစ်ပြီး စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေလည်း ရှိပါတယ်။

spot_img
spot_img

Recent posts