spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

မိုးရာသီမှာ စစ်ရှောင်တွေအတွက် မိုးကာ လိုအပ်လာနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ရှောင်အများစုဟာ မိုးကာနဲ့ တဲအိမ် ထိုးပြီး တောတောင်တွေ ၊ ကျေးရွာ တွေ အနား စစ်ရှောင်နေကြရတာ တစ်နှစ်နီးပါး ရှိနေခဲ့ပါပြီ။ လာမယ့် မိုးရာသီ ကာလအတွင်းမှာ စစ်ရှောင်စခန်း အများစု မှာဆိုရင် မိုးကာ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေ က ဆိုကြပါတယ်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်း တစ်နေရာက စစ်ရှောင်စခန်း တစ်ခုမှာဆိုရင်လည်း မိုးကာ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်စခန်း ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

“ ဒီမိုးရာသီဆိုတော့ ကျနော်တို့ အဓိကတော့ လုံခြုံမှု ပေါ့နော။ မိုးကာတွေ အများကြီးလိုအပ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်လည်း လေကြီးမိုးကြီးလာတော့ ကျနော်တို့ မိုးကာတွေလည်း ပြဲသွားတယ်။ တချို့ ဆို နှစ်ခြမ်းကွဲသွားတယ်။ အဲ့လိုမျိုး ပြဲကုန်တော့ မိုးရွာရင် ကျနော်တို့ မလုံခြုံတော့ဘူးပေါ့။ “ လို့ စစ်ရှောင်စခန်း ကော်မတီဝင် တစ်ဦးက ပြောပြပါတယ်။

နေဖို့ တဲအိမ်တွေအတွက် မိုးကာ လိုအပ်သလို စာသင်ဆောင်ဖွင့်ထားတဲ့ စစ်ရှောင်စခန်းတွေမှာဆိုရင်လည်း စာသင်ဆောင်အတွက် မိုးကာတွေ လိုအပ်တာရှိပါတယ်။ စစ်ရှောင်ကလေးတွေအတွက်လည်း မိုးကာ၊ထီး တို့ လိုအပ်လျက်ရှိနေပါတယ်။

စစ်ရှောင်စခန်းမှာ ရှိတဲ့ ဆေးခန်းတွေ၊ စာကြည့်တိုက်တွေ အတွက်လည်း လိုအပ်နေတာတွေ ရှိပါတယ်။ ဒါ့အပြင် စစ်ရှောင်တွေ ကျန်းမာရေးအတွက် အိမ်သာ ၊ ရေဗုံး ၊ ရေခွက် ၊ ဆပ်ပြာ စတာတွေလည်း လိုအပ်နေပါတယ်။

ကရင်နီပြည်မှာဆိုရင် နေရပ်စွန့်ခွာ စစ်ရှောင် နေရသူ နှစ်သိန်း ရှိနေတာဖြစ်ပြီး အထူးသဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်ရှေ့ဖက်ခြမ်းတွေ မှာဆိုရင် တောတောင်ထဲ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။

spot_img
spot_img