spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မိုးရွာသွန်းမှုနည်းပါးလို့ ဖယ်ခုံမြို့နယ် အလယ်ကယန်းဒေသရှိ တောင်သူတွေ အခက်တွေ့

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသတွင် မိုးရွာသွန်းမှုနည်းပါးတဲ့အတွက် တောင်သူလယ်သမားတွေက ရေအလုံအလောက် မရရှိဘဲ လယ်မြေထွန်ယက်စိုက်ပျိုးရာမှာ အခက်အခဲကြုံ တွေ့နေကြရပါတယ်။

၎င်းအခက်အခဲနှင့် ပတ်သက်ပြီး တောင်သူ ခွန်းအလေးရှိုက “ရေမရတဲ့ နေရာမျိုးခါကျတော့ ပိုပင်ပန်းတာပေါ့။ တစ်ရက်တစ်ရက်လုပ်တာ နဲနဲပဲ သွားတဲ့အခါကျတော့ မြေနဲ့ ပြောမယ်ဆို ရေရှိတဲ့ဟာဆို ပိုမြန်တာပေါ့။ ရေမရှိတဲ့ နေရာခါကျတော့ တခါနဲနဲ တွန်းသွားပြီးတော့ လုပ်တယ်။ တစ်ရက်ဆို အလွန်ဆုံး တစ်ပယ် နှစ်ပင်ပဲပြီးတယ်။ နောက် ဒီပုံစံမျိုးဆို လုံးဝမဖြစ်နိုင်ဘူးလေ။ မိုးမကျမချင်းတော့ မလုပ်ရတော့ ဘူးပေါ့။” လို့ ပြောပါတယ်။

တောင်ကျရေတွေကို မှီခိုအားထားပြီး ရေသွင်းစိုက်ပျိုးရသည့်အတွက် မိုးရွာသွန်းမှုများမှသာလျင် ရေလုံလောက် မှုရရှိနိုင်မည်လို့ ဆိုပါတယ်။

တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးပျိုးပင်တွေ သတ်မှတ်ရက် ကျော်လွန်နေပြီဖြစ်သော်လည်း လယ်ရေမရရှိသောကြောင့် မစိုက်ပျိုးနိင်သေးတဲ့အတွက် စိုးရိမ်ပူပန်နေကြရပါတယ်။

“လုပ်တဲ့ စပါးက ရွှေရင်အေးပေါ့နော်။ သူ့သက်တမ်းက ရက်ပေါင်းနှစ်ဆယ်ပဲ။ ဒါပေမယ့် ခုက ရေမရတဲ့အတွက် နှစ်ဆယ်ထက်မကတော့ဘူး တစ်လနီးနီးရှိသွားပြီ။ ရက်ပေါင်း နှစ်ဆယ်ထက်လွန်ပြီး စိုက်ခဲ့ရင်တော့ သူက အထွက်နှုန်းလည်း နည်းလာမယ်။ ပြီးတော့ သူ့ရက်မှာစိုက်မယ်ဆို အများကြီးပွားတာပေါ့နော်။ သူ့ရက်ထက် လွန်ရင်တော့ ပွားနိုင်တဲ့ နှုန်းနည်းသွားတာပေါ့နော်” ဟု အလယ်ကယန်းဒေသ ဘီစီကုန်းကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ စစ္စတာယဉ်ယဉ်အေးက ပြောပါတယ်။

လက်ရှိအချိန်မှာ စပါးပျိုးပင်တွေ စိုက်ပျိုးပြီးစီးရမည့် အချိန်ဖြစ်ပေမယ့်လည်း ကျောင်းတိုက် ပိုင်ဆိုင်တဲ့ လယ်မြေ (၃) ဧကကျော်အား မစိုက်ပျိုးနိုင်သေးဘူးလို့သိရပါတယ်။

နှစ်စဉ် မိဘမဲ့ ကလေးငယ် (၃၀) ခန့့်ကို လက်ခံပြုစုစောင့်ရှောက်ပေးနေတဲ့ ကျောင်းအနေဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်လာနိုင်တဲ့အတွက် လက်ခံနိုင်သည့် ကလေးအရေအတွက် လျော့ချလိုက်ရ သည့် အခြေအနေမျိုး ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။

ဒေသခံတောင်သူတွေအနေဖြင့် ယခုနှစ် ရာသီဥတုအခြေအနေကြောင့် လယ်ရေစောင့်ရင်းပင် အချိန်ကုန် ကြရတယ်လို့ တောင်သူ ခွန်းမာနွေးလယ်ကဆိုပါတယ်။

၎င်းက “ဒီတောဖက်မှာဆိုရင် လယ်ဝင်ပြီးရင် အခြားအလုပ် ပိုက်ဆံပြန်ထွက်ရှာတယ် စားဝတ်နေရေးအတွက်။ လယ်လုပ်ပြီးမှ ထွက်မယ် စောင့်ရင်းစောင့်ရင်း ကျနော်တို့ မိသားစုအတွက် အတော့်ကို နောက်နှေးသွားတာပေါ့ အခြားပိုက်ဆံ ထွက်ရှာဖို့။ ပြီးတော့ စက်ခတွေရော၊ ကျွဲတွေ၊ လူတွေနဲ့ လုပ်တာ အချိန်တော်တော်ကုန်ပါတယ်။ ဒီနှစ်က နှစ်တိုင်းထက် ပိုကုန်တာပေါ့ဗျား” လို့ပြောပါတယ်။

ဖယ်ခုံမြို့နယ် အလယ်ကယန်းဒေသမှာ လယ်ဧကပေါင်း ၁၆၀၀ ကျော်ရှိသည့်အနက် ဧက ၆၀၀ ခန့် ရေအခက်ခဲနှင့် ရင်ဆိုင်နေရကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ခွန်းလှမျိုးက ပြောပါတယ်။

“လက်ရှိ ဒီလိုပဲ ဖြစ်နေမယ်ဆိုရင်တော့ ကျနော်တို့ သက်ဆိုင်ရာဌာနအဆင့်ဆင့်တွေနဲ့ ချိတ်ပြီးတော့ လိုအပ်တဲ့ အကူအညီလေးတွေ တောင်းခံသွားဖို့ရှိပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ ဒီလိုတင်ပြလာမှုရှိလာ ပြီဆိုတော့ သက်ဆိုင်ရာ နိုင်ငံတော်ပဲဖြစ်ဖြစ် မြို့နယ်အဆင့်ပဲ ဖြစ်ဖြစ် ချိတ်ဆက် တင်ပြဖို့ ရှိပါတယ်။” လို့ ပြောပါတယ်။

ယခင်နှစ်တွေမှာတော့ ရေကြီးရေလျံမှု ဖြစ်ပွားလေ့ရှိပေမယ့်လည်း အခုလို မိုးနည်းပြီး ရေရှားပါးတဲ့အတွက် တောင်သူလယ်သမားတွေ စိုက်ပျိုးရေမလုံလောက်ခြင်းကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်ပါတယ်။

ဖယ်ခုံမြို့နယ် အလယ်ကယန်းဒေသအပါအဝင် မိုးဗြဲဆည်ရေသောက်တဲ့ လယ်တွေမှာလည်း ယခုနှစ်မိုးဗြဲဆည်ရေခမ်းလာတဲ့အတွက် တချို့လယ်တွေမှာလည်း ရေလုံံလုံလောက်လောက်မရဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts