spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးဝါးရောင်းဝယ်သူ နှစ်ဦးကို KSP ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက်သွားမည်ဟု ဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲဌာန(KSP)ပူးပေါင်းအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူနှစ်ဦးကို ချုပ်နှောင်ထားပြီး အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကရင်နီပြည်ရဲဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ နန်းမယ်ခုံမြို့ ခေါ်ခူရှမ်းရပ်ကွက်နေ ဦး………ရဲ့နေအိမ်ကို ကရင်နီပြည်ရဲဌာနမှ ပူးပေါင်းအဖွဲ့နဲ့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်မှာ အသင့်တွေ့ရှိရပြီး ခန္ဓာကိုယ်အား စစ်ဆေးရာ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ်နဲ့ထည့်ထားတဲ့ WYစာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြားအား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားမှာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ၊ ပွဲကုန်း ၃ ရပ်ကွက်နေ ဦး…………. ထံဝယ်ယူခဲ့ကြောင်း၊ ၎င်းမှာ ၁၀ရက်နေ့မှာ နန်းမယ်ခုံသို့လာရောက်ရန်ရှိကြောင်း သိရှိရတဲ့အတွက် နန်းမယ်ခုံ- မိုးဗြဲသွားကားလမ်းပေါ်မှာ ပူးပေါင်းအဖွဲ့ဖြင့် လမ်းကြောင်းပိတ်ဆို့ရှာဖွေစစ်ဆေးရာ တွေ့ရှိခဲ့ပြီး ၎င်းဆိုင်ကယ်တူးဘောက်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ်နဲ့ထည့်ထားတဲ့ WYစာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ (၄)ထုပ်၊ စုစုပေါင်းဆေးပြား (၈၀၀) ပြားအား ရှာဖွေ တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ KSPက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ၄ မိုင်မြေနီကုန်းကျေးရွာမှာ မူးယစ်ဆေးဝါးသတင်းအရ ကရင်နီပြည်ရဲဌာနမှ ပူးပေါင်းအဖွဲ့နဲ့ ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြားရောင်းချသူ ၂ ဦးကို ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်စနစ်ကို အခြေခံကာ ပြည်သူလူထုကို ဗဟိုပြုလျက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နဲ့ ဝန်ဆောင်မှုပေးနိုင်ရန် စတဲ့ရည်ရွယ်ချက်နဲ့ ကရင်နီပြည်ရဲဌာန (KSP) ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

spot_img
spot_img