spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးသုံးနေတဲ့ ပြည်သူတစ်ဦးကို KNDF B-10 ထိန်းသိမ်းထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မေလ ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ကရင်နီတပ်မတော် KA ၊ အမှတ်(၁)ခရိုင်
ထဲက ကျေးရွာတစ်ရွာ မှာ မိသားစုဝင်က လာရောက်တိုင်ကြားတဲ့အတွက် မူးယစ်ဆေး သုံးစွဲနေတဲ့ ပြည်သူတစ်ဦးကို သွားရောက်ခေါ်ဆောင် ပြီး ထိန်းသိမ်းထားနေတယ်လို့ KNDF B-10 တပ်ရင်းမှူးက ပြောပါတယ်။

“ ကျနော်တို့ သူ့ကို ဖမ်းထားတာတွေ၊ သွားတွေ့လို့ ဖမ်းထားတာ မဟုတ်ဘူးပေါ့။ သူ့မိဘတွေက သူ့သားက ဒီလိုဒီလိုဖြစ်တယ် အဲ့လိုလာတိုင်လို့ ကျနော်တို့ သူ့ကို သွားခေါ်တာပေါ့။ သူက အိမ်မှာ ပြန်သောင်းကျန်းတာတို့ ၊ သူ့မိဘတွေ အိမ်မှာ မနေရဲတော့တာတို့ ၊ အိမ်က ပစ္စည်းတွေ ပြန်ဖျက်ဆီးတာတို့ ၊ ပိုက်ဆံပြန်ခိုးတာတွေ ရွာမှာဆိုရင်လည်း တခြားသူတွေ သူ့ကို ကြောက်ရတယ်ပေါ့။ သူ့မိဘတွေက လာပြောလို့ သွားခေါ်တာဖြစ်တယ်ပေါ့။ ကောင်းကောင်းမွန်မွန် သွားခေါ်တယ်။ “ လို့ KNDF B-10 တပ်ရင်းမှူးက ပြောပါတယ်။

နေအိမ်မှာ ဆေးပြား အလုံး ၃၀ နဲ့အတူတွေ့ရှိခဲ့တာဖြစ်ပြီး သုံးစွဲသူကတော့ ဦး….. အသက်(၂၆)နှစ် ဖြစ်ပါတယ်။ သူ့မှာ မွေးကင်းစ ၁ လသားအရွယ် ကလေးငယ်တစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်။

“ ၂လုံးထီထိုးပြီး အကြွေးရှိ ကုန်လို့ သူဆေးသုံးတာဖြစ်တယ်လို့ သူပြောပြတယ်။ တစ်ရက်တစ်ရက်ဆို ငါးထောင်ကျပ် ဖိုး သုံးတယ်တဲ့။ ငါးထောင်ဖိုးဆို ဆေး ငါးပြားရတယ်တဲ့။ “ လို့ KNDF B-10 တပ်ရင်းမှူးက ပြောပြပါတယ်။

လက်ရှိမှာတော့ KNDF B-10 ကထိန်းသိမ်းထားပြီး နှစ်သိမ့်အားပေးစကားတွေ ပြောပြီး၊ ပြန်ကောင်းလာအောင် ပုံမှန်ပြန်ဖြစ်အောင် ဆောင်ရွက်ပေးချင်တယ်လို့ သူက ဆက်ပြောပြပါတယ်။

spot_img
spot_img

Recent posts