spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

မေလ (၆)ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တည်ထောင်ခြင်း တစ်နှစ်ပြည့်ကြောင်း ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) လမ်းညွှန်မှု နဲ့ ၂၀၂၁ ခုနှစ် ၊ မေလ (၆)ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) ရဲ့ တစ်နှစ်ပြည့် အခမ်းအနား တစ်ရပ်ကို မနေ့က အကျဉ်းချုပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ (DMO-PDF)က ထုတ်ပြန်ထားပါတယ်။

တစ်နှစ်ပြည့်မြောက်တဲ့ အခမ်းအနားကို အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ (DMO-PDF) ကို NUGအစိုးရ လမ်းညွှန်မှုအရ ဒီးမော့ဆိုမြို့နယ် သပိတ်ဦးဆောင်ကော်မတီဝင် (၁၂)ဦး ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တပ်ရင်း (၁၀)ရင်းနဲ့ ဖွဲ့စည်းထားသလို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (၁၁၀၂) တပ်ရင်းကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်တိုက်ပွဲဖြစ်ပွားတဲ့ ကာလအတွင်း DMO-PDF ဟာဆိုရင် အခြား ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခဲ့ပြီး တိုက်ပွဲပေါင်း (၁၀၇)ကြိမ်ခန့် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ DMO-PDF မှ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော် (၃၀)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ရဲဘော် (၈၄)ဦးရှိတယ်လို့ သိရပါတယ်။

DMO-PDFအနေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ပညာရေးပိုင်း နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်လျက်ရှိသလို “ ခါနာန်ဆေးရုံ “ အမည်နဲ့ ဆေးရုံ တစ်ခု ဖွင့်လှစ်ပြီး ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts