spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးမြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကို ထောက်ပံ့ပစ္စည်းပေး

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ရက်နေ့၊ ၂၂ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်ချီးဒေသ ရပ်ကွက်တချို့မှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကို ထောက်ပံ့မှုပေးခဲ့တယ်လို့ မော်ချီးတောင်ပေါ် ၁၅ ရပ်ကွက် လူငယ်အကျိုးဆောင် ဒုခေါင်းဆောင်က ပြောပါတယ်။

“အကုန်လုံးက KNSO (ကြယ်ဖြူ) ပါမယ်။ ပြည်နယ်အစိုးရ(စစ်ကောင်စီ) ပါမယ်။ နောက်တော့ ဒီရပ်ကွက်ကပါမယ်။ ဟုတ်ကဲ့ရပ်ကွက်က ပါမယ်ပေါ့နော်။ နောက်ကျတော့ ဒီထွေအုပ်ပါမယ်။ နောက် ဒီ ပြန်ဆက်ပါမယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

မော်ချီးတောင်ပေါ် ၁၅ ရပ်ကွက်နဲ့ ရတနာအောင်မြေရပ်ကွက်တို့မှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မြေပြိုမှုဖြစ်ပွားခဲ့တဲ့ အနီးတစ်ဝိုက်က ဒေသခံနေအိမ် ၆လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ နေအိမ်ဆုံးရှုံးခဲ့တဲ့ ဒေသခံမိသားစုတွေကို KNSO (ကြယ်ဖြူ)၊ ထွေအုပ်၊ ပြည်နယ်အစိုးရ(စစ်ကောင်စီ)၊ ပြန်ဆက််၊ ရပ်ကွက်အုပ်ချုပ်ရေးမှူ၊ လူငယ်တွေနဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေစုပေါင်းပြီး စားသောက်ကုန်နဲ့ ငွေသားတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား အခြေခံအစားအသောက်အပြင် လိုအပ်တဲ့ ခြုံ‌စောင်၊ ရေပုံး၊ အိုးခွက်ပန်းကန်နဲ့ အခြေခံဆေးဝါးတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

နေအိမ်ဆုံးရှူံးခဲ့ရတဲ့ မိသားစုတွေနေထိုင်ဖို့ ရပ်ကွက်လူငယ်တွေ ပူးပေါင်းပြီး ယာယီနေထိုင်ဖို့အိမ် ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ မြေပြိုခဲ့တဲ့ရပ်ကွက်မှာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်၊ လူဦးရေ ၁၅၀၀ဝန်းကျင်နေထိုင်ပြီး ခဲသတ္တုကို အဓိကအားထား လုပ်ကိုင်ကြပါတယ်။

မော်ချီးဒေသမှာ နှစ်စဉ် မိုးရာသီကာလအတွင်း မြေပြိုမှုဖြစ်ပွားနေပါတယ်။ လက်ရှိမြေပြိုမှုက ၂၀၂၂ခုနှစ် မိုးရာသီကာလအတွင်း ပထမဆုံး မြေပြိုမှု ဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ်မြေပြိုမှုဖြစ်ပွားတဲ့အတွက်
အန္တာရာယ်ဇုံအဖြစ်သတ်မှတ်ထားတဲ့နေရာတွေမှာ မနေခိုင်းတော့ဘဲ ရွေ့ပြောင်းနေထိုင်ကြဖို့ ရပ်ကွက်တာဝန်ရှိသူတွေ တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။

spot_img
spot_img