spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၁)ဦးနှင့် သက်သာသူ (၂) ဦး ထပ်တိုး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၁)ဦး ထပ်တိုးပြီး ပြန်လည်သက်သာသူ ၂ ဦး ထပ်တိုးလာကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၁)ဦးနှင့် သက်သာသူ (၂) ဦး ထပ်တိုး

ယင်း ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ ၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်းနှင့် လူနာအမှတ် Case-011နှင့် Case-015 တို့သည် ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်အတည်ပြုချက်အရ မြန်မာနိုင်ငံတွင် (၂) ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိသည့် လူနာ စုစုပေါင်း (၇) ဦးရှိပြီး ဖြစ်ပြီး Case-003၊ Case-004၊ Case-007၊ Case-009၊ Case-012, Case-11, Case-15 တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြန်လည်သက်သာလာသည့် လူနာ (၇) ဦးအနက် ဆေးရုံမှဆင်းခွင့်ရရှိဖြစ်ပြီးဖြစ်သည့် Case-004 နှင့် Case-007 တို့ကို ဆက်လက်၍ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ကျန် (၅) ဦးကို ဆေးရုံမှ မကြာမီဆင်းနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၁၀၈) ဦးအနက် သေဆုံးသူ (၅)ဦးနှင့် ပြန်လည် ကောင်းမွန်လာသူ (၇) ဦး( ၂ ဦး ဆေးရုံဆင်းပြီး) ရှိပြီ ဖြစ်သည်။

spot_img
spot_img

Recent posts