spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး ထပ်မံတွေ့ရှိ

Author

Date

Category

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး ထပ်မံတွေ့ရှိ
ကန္တာရဝတီတိုင်း(မ်)
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ ဧပြီလ ၁၄ ရက်နေ့ ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၁ ဦး ထမ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး ထပ်မံတွေ့ရှိ

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၆၃) ဦးအထိ ရှိလာပြီ ဖြစ်သည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃)ဦး တွေ့ရှိပြီးဖြစ်ကာ ၎င်းတို့အနက် – ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၅၀) ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့်
ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် (၁)ဦး စုစုပေါင်း (၅၇) ဦးသည် ဆေးကုသမှု ခံယူလျက်ရှိပြီး အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း MOHS က ဖော်ပြထားသည်။

ယင်းအပြင် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၆၃ ဦးထဲမှ ၄ ဦးသည် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပြီး ၂ ဦးမှာ ပြန်လည် သက်သာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts