spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

မြေယာပုံစံတွေမှာ အမျိုးသမီးတွေ အမည်ပေါက် ထည့်သွင်းနိုင်ဖို့ စီမံချက်ရေးဆွဲထား

Author

Date

Category

စိုးထိုက်အောင်

ကယားပြည်နယ်ရှိ အမျိုးသမီးတွေ ဖွံ့ြဖိုးတိုးတက်ရေးအတွက် အမျိုးသမီးတွေ မြေယာအမည်ပေါက်ဆောင် ရွက်နိုင်တဲ့ မူဝါဒတွေပေါ်ပေါက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ (၂၀၂၀-၂၀၂၂)ခုနှစ် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွင့်ဖြိုးရေးလုပ်ငန်းစီမံချက်မှ ထုတ်ဝေတဲ့ စာအုပ်အချက်အလက်အရ သိရှိရပါတယ်။

အခုလက်ရှိတောင်သူတွေရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်ဖို့ မြေယာနှင့် သဘာဝအရင်းအမြစ်စီမံကိန်းဆိုင်ရာ အသိပညာပေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ အမျိုးသား၏အမည်ဖြင့်သာ အမည်ပေါက်နေခြင်းက အမျိုးသမီးတွေရဲ့ပိုင်ဆိုင်ခွင့်နဲ့ထုတ်လုပ်မှုတွေကို ပယ်ထုတ်ထားသလိုဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ စီမံချက်မှာပါရှိပါတယ်။

“ဖွှံဖြိုးတိုးတက်မှုအတွက် စီမံကိန်းနဲ့ပတ်ပြီးတော့ ရှင်းရှင်းပြောရမယ်ဆိုရင် တာကသီးသန့်အမှန်တရားရယ်လို့ ထွက်လာမယ်ဆိုရင်တော့ ဒါကဥပဒေတစ်ခု ဖြစ်မယ်ပေါနော်။ ဥပဒေရဲ့ သဘောသဘာဝက တစ်ကယ်လို့ထွက်လာမယ်ဆိုရင် အကောင်းဆုံး ဥပဒေတစ်ခုဖြစ်မယ်။” ကယန်းအမျိုးသမီးအစည်းအရုံးက မူကလိုးရီယာ ၎င်းစီမံချက်နဲ့ပတ်သက်လို့ အကြံပြုပြောဆိုသွားတာဖြစ်ပါတယ်။

၎င်းစီမံချက်စာအုပ်ထုတ်ဝေတဲ့အချိန်မှာတော့ သက်ဆိုင်ရာအစိုးရဌာနနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ကယားပြည်နယ်အတွင်းမှာရှိ တဲ့အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းတွေတချို့တွေကို အသိပေးသွားခဲ့ဖူးတယ်လို့ သိရပါတယ်။

ကယားပြည်အတွင်းရှိဒေသတော်တော်များများမှာဆိုရင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအလေ့အထအရ အမျိုးသားများ၏ အမည်ဖြစ်သာ မြေယာအမည်ပေါက်နေခြင်းက အမျိုးသမီးများ၏ ပိုင်ဆိုင်ခွင့်နှင့် ထုတ်လုပ်မှုပစ္စည်းများ အသုံးပြုခြင်းများကို ဖယ်ထုတ်ထားသလို ဖြစ်နေပါတယ်။

ဒါကြောင့် အမျိုးသမီးများ၏မြေယာအခွင့်အရေး ခိုင်မာသေချာစေရန်နှင့် ရယူအသုံးချပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုဖို့ မြေဂရန်တွေမှာ အမျိုးသမီးတွေ အမည်တွေကို ပူးတွဲထားရှိဖို့ အတွက် ပညာပေးဟောပြောသွားမှာဖြစ်ပြီး ကယားပြည်နယ်အတွင်းမာရှိတဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက် ကိုလဲ သီးသန့်အကူအညီများပေးအပ်ခြင်းများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

၎င်းစီမံကိန်းကို အစိုးရဌာနအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(IPRD)၊ အထွေေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD)၊ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန တို့မှ အကောင်အထည်ဖော်သွားမယ်လို့သိရပါတယ်။

ပူးပေါင်းဆောင်ရွက်မည့် မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ Spectrum အဖွဲ့အစည်းနဲ့ တို့ကနေ ပူးပေါင်းပြီးတော့ အမျိုးသမီးများ မြေယာနှင့် သဘာဝအရင်းအမြစ်စီမံကိန်းအတွက် ဘတ်ဂျက်ငွေ (၅၇,၄၅၀,၀၀၀) ကျပ်ကို အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

ကယားပြည်နယ်အတွင်းရှိ အများပြည်သူလူထု၊ အထူးသဖြင့် အမျိုးသမီး တောင်သူများကို ဦးတည်အသားပေး ပြီး အမြင်ဖွင့်လုပ်ငန်းတွေကို အဓိကထားပီးပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြည်နယ်အတွင်းရှိအရပ်ဖက်အမျိုးသမီးအဖွဲ့တွေအနေနဲ့ကတော့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ အရပ်ဖက် အမျိုးသမီးတွေကို စာအုပ်ထုပ်ဝေချိန်အသိပေးထားတယ်ဆိုပေမယ့်လည်း လုပ်ငန်းအသေးစိတ် ဘယ်ချိန်စတင်မလဲဆိုတာ မသိရသေးဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှ တာဝန်ခံမမီးမီးက ပြောပါတယ်။

၎င်းစီမံကိန်းအသးစိတ်ကိုသက်ဆိုင်ရာ စီမံချက်ထုတ်ဝေတဲ့ ဆက်သွယ်ရမည့် လိပ်စာမှာ မေးမြန်ထားပေမယ့်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts