spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ယင်းတလဲ(ပြန်တလိုင်)စာပေ သင်ရိုးညွန်းတမ်းကို ကယားပြည်နယ်လွှတ်တော် အတည်ပြု

Author

Date

Category

မော်ဦးမြာ

ယင်းတလဲ(ပြန်တလိုင်)စာပေသင်ရိုးညွန်းတမ်းကို မတ်လ (၃၀)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ဒီးမော့ဆို မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်မှ ယင်းစာပေသင်ရိုးညွှန်းတမ်းအား အတည်ပြုရန် အဆိုတင်သွင်းခဲ့ပြီး ဘောလခဲမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က ထောက်ခံဆွေနွေးခဲ့ရာ လွှတ်တော်တွင် ကန့်ကွက်သူမရှိ  အတည်ပြုနိုင်ခဲ့သည်။

ယင်းတလဲ (ပြန်တလိုင်)စာပေကို ၂၀၁၉-၂ဝ ပညာသင်နှစ်၌ အစိုးရစာသင်ကျောင်းတွင် သင်ကြားသွားနိုင်ရန် ရည်မှန်းထားသည်ဟု ယင်းတလဲ(ပြန်တလိုင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အဖွဲ့ဝင် ခုဘန့်ရိုင်းက ပြောသည်။

“လာမယ့် ၂၀၁၉-၂ဝ လောက်တော့ သင်ဖို့တော့ ရှိတယ် ရအောင်တော့ သင်မယ်လို့တော့ ကျွန်တော်တို့ ရည်မှန်းထားတာပေါ့”ဟု ၎င်းက ကန္တာရဝတီတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ယင်းတလဲ(ပြန်တလိုင်) စာပေကို ၂၀၁၄-၁၅ ခုနှစ်မှာ စတင်ဖော်ထုတ်နိုင်ခဲ့ပြီး ကြယ်ဖိုးကြီး ဗျည်းအက္ခရာကို အသုံးပြုသည်။ ယခုအချိန်ထိ  ယင်းတလဲ( ပြန်တလိုင်) စာပေသင်းရိုးညွန်တမ်းအဖြစ် Grade 1 မှ 2  ရေးဆွဲနိုင်ခဲ့ပြီး  Grade  3 ကို ဆက်လက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း သိရသည်။

spot_img
spot_img

Recent posts