spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ယမန့်နေ့တိုက်ပွဲတွေကြောင့် FBR တပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးနဲ့ CDMကျောင်းဆရာတစ်ဦးကျဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့မတ်လ ၉ ရက်နေ့က ဒီးမော့ဆိုအနောက်ဖက်ခြမ်း တိုက်ပွဲမှာ CDM ကျောင်းဆရာတစ်ဦး ကျဆုံးပြီး ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ FREE BURMA RANGER တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦး ကျဆုံးသွားပါတယ်။

အသက် ၂၄နှစ်အရွယ် CDM ကျောင်းဆရာ ဇော်လင်းထွန်း စစ်ကောင်စီပတ်ခတ်လိုက်တဲ့စနိုက်ဘာကြောင့် ဦးခေါင်းထိမှန်ကာ ကျဆုံးခဲ့ရဖြစ်ပါတယ်။

သူဟာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှ (ပြင်ပဆက်ဆံရေးတာဝန်ခံ) ဖြစ်ပြီး Karenni Generation Z တပ်ဖွဲ့မှာ စစ်ကြောင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

လွိုင်ကော်ပညာရေးကောလိပ် DTEd အပတ်စဉ် (၂၃/၁၈)ဝိဇ္ဇာတန်းခွဲ (A)မှ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ရဲဘော်ဇော်လင်းထွန်းကို ကျောင်းသားအာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ပြီး မှတ်တမ်းတင်ကြောင်း ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြုထားပါတယ်။

Free Burma Ranger တပ်ဖွဲ့ က ကျဆုံးသူဟာ အသက် ၂၅နှစ်အရွယ် မအဲလစ်စ်ဘတ်ဖြစ်ပြီး မတ်လ ၈ရက်နေ့ မှာ စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးကုသခံယူရင်း မတ်လ ၉ရက်နေ့မှ ကျဆုံးခဲ့ရတာဖြစ်တယ်လို့ Free Burma Ranger က အမိန့်ပြန်တမ်းစာ ထုတ်ပြန်ပါတယ်။

“၈ ရက်နေ့ ၂ နာရီအချိန် ဆောင်ဒူလာရွာထဲကို လေယာဥ်နဲ့ ဗုံးလာကျဲလို့ ပြည်သူအများအပြားကျန်နေသေးတာ သွားခေါ်ထုတ်ရင်း အဲနေရာမာပဲ လက်နက်ကြီးထပ်ပစ်လို့ ခေါင်းပွင့်သွားတယ်။ ဆေးကုသမှုခံယူရင်း ၉ ရက်နေ့ နံနက် ၇ ခွဲမာပဲကျသွားတယ်။”လို့ Free Burma Ranger အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကျဆုံးသူ ရဲဘော် အဲလစ်စ်ဘက်ဟာ ပဲခူးသားဖွားသင်တန်းကျောင်း ဒုတိယနှစ်သင်တန်းသူ ဖြစ်ပါတယ်။ သူဟာ Free Burma Ranger ရဲ့လုပ်ဆောင်ချက်ဖြစ်တဲ့ ပြည်သူလူထုတွေကို ကူညီကယ်ဆယ်ခြင်း၊ ချစ်ခြင်း၊ မေတ္တာမျှဝေခြင်း၊ မျှော်လင့်ချက်များဖော်ဆောင်ပေးခြင်းနဲ့ မြေပြင်မှာဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်များကို ကမ္ဘာသိအောင် မျှဝေခြင်း အစရှိတဲ့ လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းအတွက် Free Burma Ranger က လေးစားစွာ ဂုဏ်ပြုထားပါတယ်။

ကရင်နီပြည်မှာ Free Burma Ranger အဖွဲ့ ဟာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူလူထုတွေကို ကူညီကယ်ထုတ်ရင်း တပ်ဖွဲ့ဝင် ၃ဦးကျဆုံးခဲ့ရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ်တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး ယမန်နေ့မှာလည်း သုံးနေရာလောက်မှာ တနေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်က ခန့်မှန်းခြေ ၁၀ဦးကနေ ၁၅ဦးထိ ကျဆုံးနိုင်တယ်လို့ DMO-PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

spot_img
spot_img

Recent posts