spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ယမန်နေ့ညအချိန် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ကောင်စီ(၆)ကြိမ် ဗုံးကြဲ၊ လူထိခိုက်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ယမန်နေ့(မေလ ၂၄ရက်) ည ၁၀နာရီခွဲကျော်အချိန် စစ်ကောင်စီကနေ လေယာဉ်နဲ့ (၆)ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှ ဒေသခံတွေဆီကနေ သိရပါတယ်။

“ ၁၀နာရီအချိန် သူလာတယ်။ ပထမတစ်လုံးကြဲပြီး သူနည်းနည်းအသံတိတ်ပြီး နောက်တစ်ခါပြန်ပတ်ပြီး တစ်မိနစ်ပဲကြာမယ်ထင်တယ်။ နောက်တစ်လုံး ထပ်ချအဲလိုမျိုး ၆လုံးဆက်တိုက်။ ကြဲပြီးတဲ့အချိန် လက်နက်ကြီးကျလာတယ်။ ထိခိုက်သေဆုံးမှုတွေကတော့ ဒီ လေး၊ငါးယောက်သေတယ်လို့တော့ကြားတယ်။အတိကျတော့ မသိဘူးပေါ့။ “ လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့နေရာကို လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး လူ (၅)ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။ မည်သူမည်ဝါ သေဆုံးခဲ့တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“ (၆)ကြိမ်လောက်တော့ ကြဲတယ်ပေါ့နော။ ပြီးသွားတဲ့အခါကျတော့ မြေပြင်ကနေ လက်နက်ကြီး (၆)ကြိမ်လောက် ထပ်ထုတယ်ပေါ့။ ထိခိုက်ဒဏ်ရာကတော့ ကျနော်တို့ တော်လှန်ရေးတပ်စုက တပ်ရင်း(A)၊ တပ်ရင်း (၆)က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရတယ်။ အသေးစိတ်တော့ကျနော်တို့ မသိရသေးဘူး။ ဒီမနက်လည်း ခနက တစ်စင်းဝဲတယ် ကင်းထောက်လေယာဉ်ဖြစ်ဖို့များတယ်။ အခုတော့ ပြန်သွားပြီ။ “ လို့ လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့မှာလည်း တိုက်လေယာဉ် နှစ်စီးနဲ့ (၁၀)ကြိမ်ပျံသန်းပြီး (၆) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts