spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်ထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၁ ဦးထိရှိလာ

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယာဥ်မောင်းတစ်ဦးနှင့်ယာဥ်နောက်လိုက်တစ်ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်း ယာဥ်နောက်လိုက် ၁၄၇ဦးကို စစ်ဆေးရာမှ ယာဥ်မောင်းနှင့်ယာဥ်လိုက်ထံမှ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့သူယာဥ်မောင်းတစ်ဦးမှာ အသက် ၃၃နှစ်အရွယ်ရှိပြီး လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင်နေထိုင်သူဖြစ်​ကြောင်း၊ ရန်ကုန်မှကုန်များတင်ဆောင်ပြီး နိုဝင်ဘာလ၂၃ရက်နေ့တွင်လွိုင်ကော်မြို့သို့ပြန်ရောက်လာသူဖြစ်ကြောင်း နိုဝင်ဘာလ၂၆ရက်နေ့တွင် Test Kit ဖြင့် စစ်ဆေးချက်ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်တစ်ဦးမှာ အသက်၂၂နှစ်အရွယ် ယာဥ်နောက်လိုက်ဖြစ်ပြီး တောင်ငူမြို့တွင်နေထိုင်သူဖြစ်ကာ တောင်ငူမြို့မှကုန်များတင်ဆောင်၍ လွိုင်ကော်သို့ပြန်လာသူဖြစ်သည်။

အဆိုပါ ပိုးတွေ့သူနှစ်ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ ကိုဗစ်သီးသန့်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ပိုးတွေ့သူများနှင့် ထိတွေ့ခဲ့သူ ၃ ဦးကိုလည်း လွိုင်ကော်မြို့ နတလ သင်တန်းကျောင်းသို့ ပို့​ဆောင်ထားပြီး အသွားအလာကန့်သတ်ထားသလို ဓတ်ခွဲနမူနာ ထပ်မံယူသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ယာဥ်မောင်း ယာဥ်နောက်လိုက်နှင့် အသွားအလာကန့်သတ်ထားသူတို့၌ ကိုဗစ်ပိုးတွေ့ရှိသူ ဦးမြောက်၂၁ဦး ရှိလာပြီး ဆေးရုံဆင်းနှင့်ဆေးရုံလွဲပြောင်းသူ ၁၂ဦးရှိသည်။

spot_img
spot_img

Recent posts