spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းတစ်ဦးထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၉ဦးထိရှိလာ

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်း ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယာဥ်မောင်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယာဥ်မောင်း ယာဥ်နောက်လိုက်နှင့် အသွားအလာကန့်သတ်ထားသူတို့၌ ကိုဗစ်ပိုးတွေ့ရှိသူ ၁၉ဦးမြောက် ရှိလာပြီဖြစ်သည်။

ယနေ့ ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်း ယာဥ်နောက်လိုက် ၁၅၇ဦးကို စစ်ဆေးရာမှ ယာဥ်​မောင်းတစ်ဦးထံ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့ရှိသူယာဥ်မောင်းမှာ ၃၅နှစ်အရွယ်ရှိပြီး လွိုင်ကော်မြို့ ပဒါးညေးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။

အဆိုပါပိုးတွေ့သူသည် နိုဝင်ဘာလ ၁၇ရက်နေ့တွင် မန္တလေးသို့ကုန်တင်သွားရောက်ရာမှ ၂၂ရက်နေ့တွင် ကယားသို့ပြန်ရောက်လာကြောင်း သိရသည်။

လက်ရှိတွင် အဆိုးပါ ပိုးတွေ့သူကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ ကိုဗစ်သီးသန့်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ပိုးတွေ့ယာဥ်မောင်းနှင့်ထိတွေ့ခဲ့သူ ၄ ဦးကိုလည်း လွိုင်ကော်မြို့ နတလ သင်တန်းကျောင်းသို့ ပို့​ဆောင်ထားပြီး အသွားအလာကန့်သတ်ထားသလို ဓတ်ခွဲနမူနာ ထပ်မံယူသွားမည်ဖြစ်သည်။

ကယားပြည်နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့သူ ၁၉ဦးထိရှိလာပြီး ကိုဗစ်ပိုးပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၁၁ဦးရှိပြီး ကျန်သည့် ပိုးတွေ့သူများမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းသိရသည်။

spot_img
spot_img

Recent posts