spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ရန်ကုန်တိုင်းရှိ ကိုဗစ်ကုသရေးစင်တာမှာကူညီပေးဖို့ သူနာပြု ၂၁ ဦးထပ်မံထွက်ခွာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်အတည်ပြုလူနာထားရှိတဲ့ ဒဂုံဆိပ်ကမ်းကိုဗစ်ကုသရေးစင်တာမှာ သွားရောက်ကူညီအားဖြည်ဖို့အတွက် သူနာပြု ၂၁ ဦး ကယားပြည်နယ်ကနေ ဒီနေ့မနက် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထွက်ခွာလိုက်ပါတယ်။

ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဌေးလွင်က “ အဓိက ကိုဗစ်ဆေးရုံတွေကို တာဝန်ယူပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုသွားတဲ့အဖွဲ့က ၂၁ယောက်ပါ။ အဲ့ ၂၁ယောက်ထဲမှာ သူနာပြုအသစ်က ၁၄ယောက်ပါပါတယ်။ ကျန်တဲ့၆ယောက်အဟောင်းပါ အသစ်ဆိုတာက ပြီးခဲ့တဲ့လကမှ လုပ်ငန်းကို စတင်တာဝန်ထမ်းဆောင်တဲ့ သူနာပြုတွေပေါ့ အဲဒီက ၁၄ယောက်။ နောက် ၆ယောက်ကတော့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက သူနာပြုဆရာမကြီး ဒေါ်နော်ဝေထူးက ကျန်တဲ့၆ယောက်ကို ဦးဆောင်ပြီးတော့ အသစ်တွေနဲ့အတူ ရန်ကုန် ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကိုဗစ်ရောဂါကုသတဲ့ဆေးရုံကို သွားရောက်တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်နယ်ကနေ အခုလိုသွားရောက်ကူညီတာ အခုပါဆို တတိယအသုတ်ရှိနေပါပြီ။
သူနာပြု(၂၁)ဦးအနက် အမျိုးသမီးသူနာပြု (၁၈)ဦးနဲ့ အမျိုးသားသူနာပြုနှစ်ဦးက ဒဂုံဆိပ်ကမ်းကိုဗစ်ကုသရေးစင်တာမှာ သွားရောက်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ကျန်တဲ့သူနာပြုတစ်ဦးက ရန်ကုန်ဆေးရုံကြီးရှိအရေးပေါ်ကြပ်မတ်ဆောင်မှာ သွားရောက်ကူညီကြမှာဖြစ်ပါတယ်။

တတိယအသုတ် စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ကြမယ့် သူနာပြုတွေကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကနေ သူနာပြုဆရာမကြီး ဒေါ်နော်ဝေနေထူးက ဦးဆောင်ခေါ်သွားမှာဖြစ်ပြီး ကိုဗစ်အများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းကို သူနာပြုစိတ်ဓတ်ဖြင့် သွားရောက်ကူညီကြမှာဖြစ်တယ်လို့ ပြောပါတယ်။

“သွားမယ့်ကလေးတွေကို ကျမတို့က အားပေးထားတယ် ဘာဖြစ်လဲဆိုရင် ကျမတို့သူနာပြုတွေက သင်တန်းလည်း ၃နှစ်တက်လာခဲ့တယ် Experience work ထဲမှာလည်းလုပ်လာခဲ့တယ် အဲခါကျတော့ ဘားမှာအားငယ်စရာလည်းမလိုဘူး။ အခြားပရဟိတသမားတွေဆိုရင်လည်း သင်တန်းတွေမတက်ခဲ့ပေမယ့် စေတနာ့ဝန်ထမ်းဝင်လုပ်တယ်လေ အဲ့ခါကျတော့ ကျမတို့သူနာပြုတွေက ၃နှစ်လည်းသင်တန်းတက်ခဲ့တယ် ဒီဟာနဲ့ပတ်သက်ပြီး စိမ်းမနေတော့ဘူးပေါ့နော ဘားမှအားငယ်စရာမလိုဘူး သူတို့ကို စိတ်ဓတ်မြှင့်တင်ပေးတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးသူနာပြုရဲ့စိတ်ဓတ်တွေပေါ့ လူနာတွေကိုကူညီဖို့ ကျမတို့ကလေ ရန်ကုန်ကို တခြားနည်းနဲ့မကူညီနိုင်ပေမယ့်လည်း ကိုယ့်ရဲ့ပြည်ထောင်စုစိတ်ဓတ်လေးနဲ့ပေါ့ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင်ပေါ့နော ကျမတို့အများကြီးမကူညီနိုင်ပေမယ့် အုတ်တစ်ချပ်သဲတစ်ပွင့်နဲ့ပဲ ကျမတို့ိဝိုင်းဝန်းကူညီဖို့ အဲလိုစိတ်ဓတ်လေးတွေရှိကြပါတယ်” လို့ သူနာပြုဆရာမကြီး ဒေါ်နော်ဝေနေထူးက ပြောပါတယ်။

သွားရောက်ကူညီကြတဲ့ စေတနာ့ဝန်ထမ်းသူနာပြုတွေကို ပြည်နယ်အစိုးရအဖွဲ့ကနေ တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးထားပြီး အခြား စေတနာရှင်အများစုကလည်း ငွေကြေးအရသော်လည်းကောင်း စားသောက်ရေးသော်လည်းကောင်း ကူညီမှုတွေရှိနေပါတယ်။

ယခုဆိုလျှင် ရန်ကုန်တိုင်းရှိ ကိုဗစ်လူနာထားရှိတဲ့ဆေးရုံကြီးအပြင် ကုသရေးစင်တာတွေမှာ သွားရောက်ကူညီကြတဲ့ ကယားပြည်နယ်မှ သူနာပြုစုစုပေါင်း (၆၇)ဦးရှိနေပြီဖြစ်ပြီး သူနာပြု (၆၀)ဦး၊ အထူူးသင်တန်းတက်ရောက်ထားတဲ့ သူနာပြု နှစ်ဦး၊ ဆရာဝန် နှစ်ဦး၊ ကျန်းမာရေးမှူး ၃ ဦး တို့က သွားရောက်ကူညီနေကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts