spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချမည်

Author

Date

Category

မူအက်စတာ

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းမှ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ရန်အတွက် မျှော်မှန်းထားကြောင်း နိုင်ငံတကာ ကုန်သွယ်မှုဗဟို (ITC)၊ ကယားပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ စီမံကိန်းညှိနှိုင်းရေးမှူး မဝင်နီကပြောသည်။

“ကျွန်မတို့စီမံကိန်းကနေပြီးတော့မှ ခရီးသွားလုပ်ငန်းတွေ စတင်လုပ်ဆောင်ပေးတဲ့ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေကို အားကောင်းလာအောင် ကူညီပေးတယ်၊ ပြီးတော့မှ ဒေသခံခရီးသွားလုပ်ငန်းတွေ ဝန်ဆောင်မှုတွေပေးတတ်လာအောင်ကူညီပေးတယ်။ အဲ့ကနေတစ်ဆင့် ဥရောပဈေးကွက်ကို ချိတ်ပေးပါတယ်။ ဆိုတော့ အဲ့ဒီနည်းအားဖြင့် ဒေသခံအသိုက်အဝန်းကနေပြီးတော့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကနေ တစ်ဖက်တလှမ်းဝင်ငွေရတယ် အဲ့ကနေတစ်ဆင့် ဆင်းရဲမွဲတေမှုကို လျှော့ချလာနိုင်တယ်ပေါ့နော။”ဟု ပြောသည်။

လက်ရှိလုပ်ဆောင်နေသည့် ကျေးရွာ ၄ ရွာတွင် ကိုယ်ပိုင်ကျေးရွာရန်ပုံငွေများ ရှိနေနိုင်ပြီဖြစ်သည်။

ပန်ပက်ကျေးရွာသည် လက်ရှိတွင် ရန်ပုံငွေ ၁၁ သိန်းထိ ရှိနေပြီဖြစ်ပြီး ၎င်းသည် ၎င်းတို့ရပ်ရွာအခြေပြုစီမံကိန်းမှ ရလာသည့် ဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းသာဖြစ်သည်။

ရပ်ရွာအခြေပြု ခရီးသွားစီမံကိန်းလုပ်ငန်းကို ကယားပြည်နယ်တွင် လက်ရှိထိ ၄ ရွာသာ လုပ်ဆောင်နိုင်သေးပြီး နောက်ပိုင်းတွင် ဆက်လက်တိုးချဲ့ရန်ရှိနေသည်။

“ခရီးသွားလုပ်ငန်းတွေနဲ့ ကျွန်တော်တို့ချိတ်ဆက်ခြင်းအားဖြင့် သူတို့တွေရဲ့ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့် ပိုပြီးတော့ တန်ဖိုးမြှင့်သော သို့မဟုတ်ရင် အသက်မွေးဝမ်းကြောင်းတစ်ခုကို တက်လှမ်းနို်င်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချိတ်ဆက်ပြုလုပ်ရခြင်းဖြစ်ပါတယ်။”ဟု ကရင်နီဒုက္ခသည် နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး(KnRRRWG)၏ Team Leader ဦးဗညားက ပြောသည်။

ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်သူများမှာ အများအားဖြင့် ဒေါတမကြီး နှင့် ထီးပိုးကလိုဘက်မှ ဒေသခံများဖြစ်ပြီး တချိန်ချိန်တွင် ၎င်းတို့ပြန်လည်နေထိုင်ချိန်တွင် လုပ်ကိုင်စားသောက်ရန် နေရာရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ တစ်ခုခုပြုလုပ်နိုင်ရန်အတွက် ယခုပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဒေသခံများအကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ ခရီးသွားလုပ်ငန်းအကြောင်း နားလည်လာအောင် ရှင်းပြရသည့်ကိစ္စကဲ့သို့သော စိန်ခေါ်မှုများစွာရှိနေသည်။

တဖက်တွင် အစိုးရတို့မှ ယခုလုပ်ငန်းစဉ်များကို လက်လွှဲယူရန်လည်း အဆင်သင့်မဖြစ်သေးသည့်အတွက် စိန်ခေါ်မှုများအချို့ ရှိနေသေးကြောင်း မဝင်နီကဆိုသည်။

ရှေ့ဆက်လာမည့် နောက်ပိုင်းတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို ဆောင်ရွက်လိုသည့် အခြားဒေသဖြစ်စေ၊ အခြားပြည်နယ်ဖြစ်စေ စိတ်ဝင်စားပါက လာရောက်သင်ယူနိုင်အောင် Learning Center လိုပုံစံတစ်ခုကို ကယားပြည်နယ်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ခရီးသွားများသည် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများကို စိတ်ဝင်စားမှုမြှင့်တက်နေကြောင်း သိရသည်။

“ယဉ်ကျေးမှုနဲ့ ရိုးရာ၊ လူမျိုးစုတွေနဲ့ သဘာဝကို ပိုစိတ်ဝင်စားလာကြတယ်။ ပြည်တွင်းတောင် အခုအဲ့လိုမျိုးစိတ်ဝင်စားလာတယ်။”ဟု 9 Generation ခရီးသွားလုပ်ငန်းဝန်ဆေင်မှုကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ကိုနေမိုးအောင်က ပြောသည်။

ရပ်ရွာအခြေပြုလုပ်ငန်းဟုဆိုရာတွင် ခရီးသွားလုပ်ငန်းကိုသာ လုပ်ဆောင်ခြင်းမဟုတ်ပဲ ရပ်ရွာမှထုတ်ကုန်များကို ဈေးကွက်ထိချိတ်ဆက်ပေးခြင်းကိုပါ လုပ်ဆောင်ခြင်းဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ ရပ်ရွာအတွက် ဝင်ငွေရစေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

spot_img
spot_img

Recent posts